Quran Apps in many lanuages:

Surah Al-Muzzammil Ayahs #4 Translated in Burmese

يَا أَيُّهَا الْمُزَّمِّلُ
အို-အဝတ်ခြုံထားသူ။
قُمِ اللَّيْلَ إِلَّا قَلِيلًا
အသင်သည် ညဉ့်၌(ထ၍ ဆွလာတ်ဝတ်ပြု)ပါလေ။ သို့ရာတွင် အနည်းငယ် (အနားယူအိပ်စက်ပါလေ)။
نِصْفَهُ أَوِ انْقُصْ مِنْهُ قَلِيلًا
(ဝါ) ညဉ့်ဝက် သို့တည်းမဟုတ်၊ ယင်းညဉ့်ဝက်ထက် အနည်းငယ်လျှော့၍၊
أَوْ زِدْ عَلَيْهِ وَرَتِّلِ الْقُرْآنَ تَرْتِيلًا
သို့တည်းမဟုတ် ယင်းညဉ့်ဝက်ထက်ပို၍ (အနားယ အိပ်စက်ပါလေ)။ ၎င်းပြင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အလွန် ကောင်းမွန်စွာ ကွဲပြားခြားနား ရှင်းလင်းပီသအောင် အေးအေးဆေးဆေး ဖြည်းဖြည်းမှန်မှန် ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ် သရဇ္ဈာယ်ပါလေ။

Choose other languages: