Quran Apps in many lanuages:

Surah Al-Mutaffifin Ayahs #31 Translated in Burmese

وَمِزَاجُهُ مِنْ تَسْنِيمٍ
ယင်းအရက်၏ ရောစပ်ရာမှာ "တတ်စ်နီမ်"မှဖြစ်၏။
عَيْنًا يَشْرَبُ بِهَا الْمُقَرَّبُونَ
(ယင်း"တတ်စ်နီမ်"မှာ) စမ်းတစ်ခုပင် ဖြစ်သည်။အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်သော သူမွန် သူမြတ်တို့ကား ယင်း"တတ်စ်နီမ်"မှပင် သောက်သုံး ကြကုန်သတည်း။
إِنَّ الَّذِينَ أَجْرَمُوا كَانُوا مِنَ الَّذِينَ آمَنُوا يَضْحَكُونَ
ဧကန်စင်စစ် ပြစ်မှုကျူးလွန်ခဲ့ကြသောသူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အပေါ်၌ ရယ်မောလေ့ရှိခဲ့ကြကုန်၏။
وَإِذَا مَرُّوا بِهِمْ يَتَغَامَزُونَ
၎င်းပြင် ထိုသက်ဝင်ယုံကြည်သူတို့သည် ၎င်းတို့အနီးမှဖြတ်၍ လျှောက်သွားကြသောအခါ ၎င်းတို့သည် မျက်ရိပ်ပြ(ကာ ကျီစယ်)လေ့ရှိခဲ့ကြကုန်၏။
وَإِذَا انْقَلَبُوا إِلَىٰ أَهْلِهِمُ انْقَلَبُوا فَكِهِينَ
ထို့ပြင် ၎င်းတို့သည် မိမိတို့ အိမ်သူအိမ်သားထံ ပြန်ခဲ့ကြသောအခါ (ထိုသက်ဝင်ယုံကြည်သူတို့၏ အကြောင်းများကို စားမြုံ့ပြန်၍) ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။(ရယ်မောမြူးတူး ကျီစယ်ကြကုန်၏)။

Choose other languages: