Quran Apps in many lanuages:

Surah Al-Mutaffifin Ayahs #33 Translated in Burmese

إِنَّ الَّذِينَ أَجْرَمُوا كَانُوا مِنَ الَّذِينَ آمَنُوا يَضْحَكُونَ
ဧကန်စင်စစ် ပြစ်မှုကျူးလွန်ခဲ့ကြသောသူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အပေါ်၌ ရယ်မောလေ့ရှိခဲ့ကြကုန်၏။
وَإِذَا مَرُّوا بِهِمْ يَتَغَامَزُونَ
၎င်းပြင် ထိုသက်ဝင်ယုံကြည်သူတို့သည် ၎င်းတို့အနီးမှဖြတ်၍ လျှောက်သွားကြသောအခါ ၎င်းတို့သည် မျက်ရိပ်ပြ(ကာ ကျီစယ်)လေ့ရှိခဲ့ကြကုန်၏။
وَإِذَا انْقَلَبُوا إِلَىٰ أَهْلِهِمُ انْقَلَبُوا فَكِهِينَ
ထို့ပြင် ၎င်းတို့သည် မိမိတို့ အိမ်သူအိမ်သားထံ ပြန်ခဲ့ကြသောအခါ (ထိုသက်ဝင်ယုံကြည်သူတို့၏ အကြောင်းများကို စားမြုံ့ပြန်၍) ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။(ရယ်မောမြူးတူး ကျီစယ်ကြကုန်၏)။
وَإِذَا رَأَوْهُمْ قَالُوا إِنَّ هَٰؤُلَاءِ لَضَالُّونَ
ထိုမှတစ်ပါး ၎င်းတို့သည် ထိုသက်ဝင်ယုံကြည်သူတို့အား တွေ့မြင်ကြသောအခါ "ဧကန်မလွဲ ဤသူ တို့သည်အမှန်ပင် လမ်းလွဲသူများ ဖြစ်ကြသည်"ဟု ပြောဆိုကြကုန်၏။
وَمَا أُرْسِلُوا عَلَيْهِمْ حَافِظِينَ
စင်စစ်သော်ကား ၎င်းတို့သည် ထိုသက်ဝင် ယုံကြည်သူတို့အပေါ်၌ ကြီးကြပ် အုပ်ထိန်းသူများအဖြစ် စေလွှတ်ခြင်း ခံခဲ့ကြရသည် မဟုတ်ပေ။

Choose other languages: