Quran Apps in many lanuages:

Surah Al-Mutaffifin Ayahs #19 Translated in Burmese

كَلَّا إِنَّهُمْ عَنْ رَبِّهِمْ يَوْمَئِذٍ لَمَحْجُوبُونَ
အလျှင်းမဟုတ်၊ ဧကန်မလွဲ ၎င်းတို့သည် ထိုနေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အား ဖူးမျှော်ခြင်း)မှ ကာကွယ်ခြင်းကို ခံကြရမည့်သူများပင် ဖြစ်ကြပေသည်။
ثُمَّ إِنَّهُمْ لَصَالُو الْجَحِيمِ
ထို့နောက် ဧကန်မလွဲ ၎င်းတို့သည် ‘ဂျဟန္နမ်’ငရဲထဲသို့ ဝင်ရောက်ကြရပေမည်။
ثُمَّ يُقَالُ هَٰذَا الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ
ထို့နောက် (၎င်းတို့အား) "ဤသည် အသင်တို့က မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိခဲ့သောအရာပင် ဖြစ်သည်"ဟု ပြောဆိုခြင်း ခံရအံ့သတည်း။
كَلَّا إِنَّ كِتَابَ الْأَبْرَارِ لَفِي عِلِّيِّينَ
အလျှင်းမဟုတ်၊ ဧကန်အမှန် သူတော်ကောင်းတို့၏မှတ်တမ်းမှာ "အစ်လ်လီယီန်" ၌ ရှိ၏။
وَمَا أَدْرَاكَ مَا عِلِّيُّونَ
သို့ရာတွင်၊"အစ်လ်လီယီန်"သည် အဘယ်အရာဖြစ်သည်ကို အသင်သည် အသို့လျှင် သိနိုင်အံ့နည်း။

Choose other languages: