Quran Apps in many lanuages:

Surah Al-Mutaffifin Ayahs #21 Translated in Burmese

ثُمَّ يُقَالُ هَٰذَا الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ
ထို့နောက် (၎င်းတို့အား) "ဤသည် အသင်တို့က မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိခဲ့သောအရာပင် ဖြစ်သည်"ဟု ပြောဆိုခြင်း ခံရအံ့သတည်း။
كَلَّا إِنَّ كِتَابَ الْأَبْرَارِ لَفِي عِلِّيِّينَ
အလျှင်းမဟုတ်၊ ဧကန်အမှန် သူတော်ကောင်းတို့၏မှတ်တမ်းမှာ "အစ်လ်လီယီန်" ၌ ရှိ၏။
وَمَا أَدْرَاكَ مَا عِلِّيُّونَ
သို့ရာတွင်၊"အစ်လ်လီယီန်"သည် အဘယ်အရာဖြစ်သည်ကို အသင်သည် အသို့လျှင် သိနိုင်အံ့နည်း။
كِتَابٌ مَرْقُومٌ
(ယင်း "အစ်လ်လီယီန်" ကား) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ်ပင်။
يَشْهَدُهُ الْمُقَرَّبُونَ
ယင်း မှတ်တမ်းစာအုပ်ကို အပါးတော်၌ရှိကုန်သော ကောင်းကင်တမန်တို့သည် ကြည့်ရှုကြပေမည်။

Choose other languages: