Quran Apps in many lanuages:

Surah Al-Mutaffifin Ayahs #17 Translated in Burmese

إِذَا تُتْلَىٰ عَلَيْهِ آيَاتُنَا قَالَ أَسَاطِيرُ الْأَوَّلِينَ
၎င်း၏ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များ ဖတ်ကြားသောအခါ "ဤသည် ရှေးလူဟောင်းတို့၏ပုံပြင်များသာ ဖြစ်ကြသည်"ဟု ၎င်းက ပြောဆိုလေ့ရှိ၏။
كَلَّا ۖ بَلْ ۜ رَانَ عَلَىٰ قُلُوبِهِمْ مَا كَانُوا يَكْسِبُونَ
အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့သည် ဆည်းပူးလျက် ရှိခဲ့ကြသည့် (ပြစ်မှု)များသည် ၎င်းတို့၏ စိတ်နှလုံးများပေါ်၌ ဖုံးလွှမ်းခဲ့ပြီးဖြစ်၏။
كَلَّا إِنَّهُمْ عَنْ رَبِّهِمْ يَوْمَئِذٍ لَمَحْجُوبُونَ
အလျှင်းမဟုတ်၊ ဧကန်မလွဲ ၎င်းတို့သည် ထိုနေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အား ဖူးမျှော်ခြင်း)မှ ကာကွယ်ခြင်းကို ခံကြရမည့်သူများပင် ဖြစ်ကြပေသည်။
ثُمَّ إِنَّهُمْ لَصَالُو الْجَحِيمِ
ထို့နောက် ဧကန်မလွဲ ၎င်းတို့သည် ‘ဂျဟန္နမ်’ငရဲထဲသို့ ဝင်ရောက်ကြရပေမည်။
ثُمَّ يُقَالُ هَٰذَا الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ
ထို့နောက် (၎င်းတို့အား) "ဤသည် အသင်တို့က မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိခဲ့သောအရာပင် ဖြစ်သည်"ဟု ပြောဆိုခြင်း ခံရအံ့သတည်း။

Choose other languages: