Quran Apps in many lanuages:

Surah Al-Mursalat Ayahs #12 Translated in Burmese

فَإِذَا النُّجُومُ طُمِسَتْ
စင်စစ်သော်ကား အကြင်ခါဝယ် ကြယ်နက္ခတ်တို့သည် ကွယ်ပျောက်၍ သွားကြရပေမည်။ (တစ်နည်း) ကြယ်နက္ခတ်တို့၏အလင်းရောင်မှာ မှေးမှိန်၍ သွားရပေမည်။
وَإِذَا السَّمَاءُ فُرِجَتْ
၎င်း ပြင် အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားရပေမည်။
وَإِذَا الْجِبَالُ نُسِفَتْ
ထို့ပြင် အကြင်အခါဝယ် တောင်များသည် အမြစ်မှလှန်ပစ်ခြင်းကို ခံခဲ့ကြရ(ပြီးလျှင် အစိတ်စိတ် အပိုင်းပိုင်းဖြစ်ကာ လေထဲ၌ လွင့်ပါးလျက်ရှိကြရ)ပေမည်။
وَإِذَا الرُّسُلُ أُقِّتَتْ
ထိုမှတစ်ပါး အကြင်အခါဝယ် (ရစူလ်)တမန်တော်များသည် (သတ်မှတ်ထားသော)အချိန်၌ လာရောက်စုရုံးကြရပေမည်။
لِأَيِّ يَوْمٍ أُجِّلَتْ
ယင်း (အရေးကိစ္စတို့သည်) မည်သည့်နေ့ရက်သို့ ရွှေ့ဆိုင်းခြင်း ခံခဲ့ရသနည်း။

Choose other languages: