Quran Apps in many lanuages:

Surah Al-Mursalat Ayahs #44 Translated in Burmese

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ
ထို့နေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေအံ့သတည်း။
إِنَّ الْمُتَّقِينَ فِي ظِلَالٍ وَعُيُونٍ
ဧကန်မလွဲ "မွတ္တကီ" သူတော်စင်တို့သည် အရိပ်အာဝါသများ၌လည်းကောင်း၊ စမ်းများ၌လည်းကောင်း။
وَفَوَاكِهَ مِمَّا يَشْتَهُونَ
ထိုသူတို့ အာသာဆန္ဒရှိကြလေသော သစ်သီးဝလံများ၌လည်းကောင်း၊ ရှိနေကြပေမည်။
كُلُوا وَاشْرَبُوا هَنِيئًا بِمَا كُنْتُمْ تَعْمَلُونَ
(၎င်း တို့သည် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်။) အသင်တို့သည် မိမိတို့ ကျင့်မူခဲ့ကြလေသော (ကောင်းမှု သုစရိုက်များကြောင့်) မြိန်ယှက်စွာ စားသုံးခြင်းကိုလည်းကောင်း၊ သောက်သုံးခြင်းကိုလည်းကောင်း၊ ပြုကြလေကုန်။
إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ဧကန်မလွဲ ငါအရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ဤအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။

Choose other languages: