Quran Apps in many lanuages:

Surah Al-Munafiqoon Ayahs #6 Translated in Burmese

اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَنْ سَبِيلِ اللَّهِ ۚ إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ
၎င်းတို့သည်ကား မိမိတို့၏ကျိန်ဆိုချက်များကို အကာအကွယ်ပြုလုပ်ပြီးလျှင်(သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးပိတ်ပင်ခဲ့ကြလေ၏။ ဧကန်စင်စစ် ၎င်းတို့၏ ပြုမူချက်များမှာ လွန်စွာ ဆိုးရွားလှ၏။
ذَٰلِكَ بِأَنَّهُمْ آمَنُوا ثُمَّ كَفَرُوا فَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ
ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ သို့ဖြစ်ပေရာ ၎င်းတို့သည် နားလည်ကြသည် မဟုတ်ပြီ။
وَإِذَا رَأَيْتَهُمْ تُعْجِبُكَ أَجْسَامُهُمْ ۖ وَإِنْ يَقُولُوا تَسْمَعْ لِقَوْلِهِمْ ۖ كَأَنَّهُمْ خُشُبٌ مُسَنَّدَةٌ ۖ يَحْسَبُونَ كُلَّ صَيْحَةٍ عَلَيْهِمْ ۚ هُمُ الْعَدُوُّ فَاحْذَرْهُمْ ۚ قَاتَلَهُمُ اللَّهُ ۖ أَنَّىٰ يُؤْفَكُونَ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား တွေ့မြင်သောအခါ ၎င်းတို့၏ လုံးရပ်သဏ္ဌာန်များသည် အသင်၏အမြင်၌ လှပစွာ မြင်ရပေမည်။ ထိုနည်းတူစွာ အကယ်၍ ၎င်းတို့သည် စကားစမည် ပြောဆိုကြလျှင် အသင်သည် ၎င်းတို့၏စကားကို (စိတ်ဝင်စားစွာ) နားထောင်ပေမည်။ ၎င်းတို့မှာ မှီ၍ထားသော သစ်တုံးများကဲ့သို့ပင် ဖြစ်ကြကုန်၏။ ဟစ်အော်သံ(ကြားရ)တိုင်း မိမိတို့နှင့်ဆန့်ကျင်၍ (ဟစ်အော်သည်ဟု) ထင်မှတ်ကြ၏။ ၎င်းတို့သည်ပင် ရန်သူများ ဖြစ်ကြ၏။ သို့ဖြစ်ရာ အသင်သည် ၎င်းတို့နှင့် ကင်းရှင်းစွာ နေပါလေ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖျက်ဆီးတော်မူပါစေ။ ၎င်းတို့သည် အဘယ်သို့ ပြန်လှည့်၍ ထွက်သွားကြသနည်း။
وَإِذَا قِيلَ لَهُمْ تَعَالَوْا يَسْتَغْفِرْ لَكُمْ رَسُولُ اللَّهِ لَوَّوْا رُءُوسَهُمْ وَرَأَيْتَهُمْ يَصُدُّونَ وَهُمْ مُسْتَكْبِرُونَ
၎င်းပြင် ထိုသူတို့အား `အသင်တို့သည် လာကြလေကုန်၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည် အသင်တို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြား၍ပေးမည်`ဟု ပြောဆိုသောအခါ ၎င်းတို့သည် မိမိတို့၏ဦးခေါင်းများကို လှုပ်ခါကြကုန်၏။ ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား မာန်မာနထောင်လွှားကြလျက် ပြန်လှည့်၍ သွားကြသည်ကို တွေ့မြင်ရပေမည်။
سَوَاءٌ عَلَيْهِمْ أَسْتَغْفَرْتَ لَهُمْ أَمْ لَمْ تَسْتَغْفِرْ لَهُمْ لَنْ يَغْفِرَ اللَّهُ لَهُمْ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ ၎င်းတို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြားခြင်းမပြုသည်ဖြစ်စေ၊ ၎င်းတို့အဖို့ အကြောင်းမထူးပြီ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောသူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။

Choose other languages: