Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #88 Translated in Burmese

قُلْ لِمَنِ الْأَرْضُ وَمَنْ فِيهَا إِنْ كُنْتُمْ تَعْلَمُونَ
(အို-နဗီတမန်တော်)အသင်သည်(ယင်းမက္ကာမြို့သား မုရှ်ရစ်က်တို့အား ဤသို့)ပြောဆို မေးမြန်းပါလေ။ (အချင်းတို့၊) အကယ်၍ အသင်တို့ သိရှိကြလျှင်(ငါ့အား ပြောပြကြလေကုန်၊) ပထဝီမြေကိုလည်းကောင်း၊ ထိုပထဝီမြေ၌ ရှိသူတို့ကိုလည်းကောင်း၊ မည်သူစိုးပိုင်သနည်း။
سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَذَكَّرُونَ
၎င်းတို့က အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူ သောအရာများဖြစ်သည်ဟု အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ) အသင်သည် (၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် မဆင်ခြင်မသုံးသပ်ကြလေသလောဟု ပြောကြားပါလေ။
قُلْ مَنْ رَبُّ السَّمَاوَاتِ السَّبْعِ وَرَبُّ الْعَرْشِ الْعَظِيمِ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား အချင်းတို့၊)မိုးခုနစ်ထပ်ကို စိုးပိုင်တော်မူသောအရှင် သည်လည်းကောင်း၊ မြင့်မြတ်လှစွာသော ‘အရ်ရှ်’ ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင် သည်လည်းကောင်း၊ မည်သူနည်းဟု မေးမြန်းပါဦးလေ။
سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَتَّقُونَ
(ဤသည်တို့လည်း) အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူသော အရာများသာဖြစ်သည်ဟု ၎င်းတို့က အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ ကြလေသလောဟု ပြောကြားပါလေ။
قُلْ مَنْ بِيَدِهِ مَلَكُوتُ كُلِّ شَيْءٍ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيْهِ إِنْ كُنْتُمْ تَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ဤသို့ ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)အကယ်၍ အသင်တို့သည် သိရှိကြလျှင် (ငါ့အားပြောပြကြလေကုန်)။ ထိုအရှင်သည် မည်သူနည်း။ အရာခပ်သိမ်းတို့ကို စိုးပိုင်ခွင့်သည် ထိုအရှင်မြတ်၏လက်တော်တွင်း၌ရှိ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင် ထိုအရှင်နှင့်ဆန့်ကျင်၍မူကား မည်သူတစ်ဦးတစ်ယောက်မျှပင် ကာကွယ် စောင့်ရှောက်နိုင်ခြင်း မရှိချေ။

Choose other languages: