Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #113 Translated in Burmese

إِنَّهُ كَانَ فَرِيقٌ مِنْ عِبَادِي يَقُولُونَ رَبَّنَا آمَنَّا فَاغْفِرْ لَنَا وَارْحَمْنَا وَأَنْتَ خَيْرُ الرَّاحِمِينَ
ဧကန်စင်စစ် ငါအရှင်မြတ်၏ ကျွန်တို့အနက် လူတစ်စုသည် ရှိခဲ့ကြကုန်၏။ ၎င်းတို့သည်(ငါအရှင်မြတ်အထံတော်တွင် ဤသို့) လျှောက်ထား ပန်ကြားလျက် ရှိခဲ့ကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည်ကြပါသည်။ ထို့အတွက် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လွတ်ငြိမ်း ချမ်းသာခွင့် ပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား သနားတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့ထက် သာလွန် သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်။
فَاتَّخَذْتُمُوهُمْ سِخْرِيًّا حَتَّىٰ أَنْسَوْكُمْ ذِكْرِي وَكُنْتُمْ مِنْهُمْ تَضْحَكُونَ
ထိုအခါ အသင်တို့သည် ၎င်းတို့အား ပြက်ချော် ပြောင်လှောင်ဖွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ နောက်ဆုံးတွင် ၎င်းတို့အား အသင်တို့၏ ပြက်ချော်မှုသည် အသင်တို့ကို ငါ အရှင်မြတ်အား သတိရခြင်းမှ မေ့ပျောက်စေခဲ့ကုန်သည်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အပေါ်၌ ရယ်မောလျက်ပင် ရှိခဲ့ ကြကုန်၏။
إِنِّي جَزَيْتُهُمُ الْيَوْمَ بِمَا صَبَرُوا أَنَّهُمْ هُمُ الْفَائِزُونَ
ယနေ့ ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏သည်းခံမှုကြောင့် ကောင်းကျိုးကို ချီးမြှင့်တော်မူလိုက်ပြီ၊ မုချဧကန် ၎င်းတို့သည်သာ အောင်မြင် သူများ ဖြစ်ကြကုန် သတည်း။
قَالَ كَمْ لَبِثْتُمْ فِي الْأَرْضِ عَدَدَ سِنِينَ
အရှင်မြတ်သည် (၎င်းတို့အား) အသင်တို့သည် ကမ္ဘာမြေဝယ် နှစ်ပရိစ္ဆေဒ အရေအတွက်အားဖြင့် မည်မျှကြာအောင် နေခဲ့ကြသနည်းဟု မေးမြန်းတော်မူမည်။
قَالُوا لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ فَاسْأَلِ الْعَادِّينَ
(ထိုအခါ) ၎င်းတို့က ကျွန်တော်မျိုးတို့သည် တစ်နေ့တိတိသော်လည်းကောင်း၊ တစ်နေ့လျော့လျော့သော်လည်းကောင်း၊ နေခဲ့ကြပါသည်။ သို့ပါ၍ အရှင်မြတ်သည် ရေတွက်သူ(များဖြစ်ကြသော "မလာအိကဟ်" ကောင်းကင်တမန်) တို့ အား မေးမြန်း၍ ကြည့်တော်မူပါဟု လျှောက်ထားကြပေမည်။

Choose other languages: