Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #110 Translated in Burmese

قَالُوا رَبَّنَا غَلَبَتْ عَلَيْنَا شِقْوَتُنَا وَكُنَّا قَوْمًا ضَالِّينَ
ထိုအခါ ၎င်းတို့သည်(ဤသို့)လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (စင်စစ်) ကျွန်တော်မျိုးတို့၏ ကုသိုလ်ကံဆိုးမှုသည် ကျွန်တော်မျိုးတို့အပေါ်၌ လွှမ်းမိုးဖိစီးခဲ့ပါသည်။ ထို့ပြင် ကျွန်တော်မျိုးတို့သည် လမ်းမှားသူများလည်း ဖြစ်ခဲ့ကြပါသည်။
رَبَّنَا أَخْرِجْنَا مِنْهَا فَإِنْ عُدْنَا فَإِنَّا ظَالِمُونَ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤဂျဟန္နမ်ငရဲဘုံမှ ထုတ်ယူတော်မူပါ၊ တစ်ဖန် အကယ်၍ ကျွန်တော်မျိုးတို့သည်(ဤသို့သော အပြုအမူမျိုးကို) ထပ်မံ၍ပြုလုပ်ခဲ့ကြပါလျှင်၊ ထိုအခါ ကျွန်တော်မျိုးတို့သည် ပြစ်မှုကျူးလွန်သူများ အမှန်ပင် ဖြစ်ကြပါမည်။
قَالَ اخْسَئُوا فِيهَا وَلَا تُكَلِّمُونِ
(ထိုအခါ) ထိုအရှင်မြတ်သည် (ဤသို့) မိန့် ကြားတော်မူမည်။ အသင်တို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၌ ဂုဏ်ရည်သေးသိမ်စွာ မောင်းထုတ်ခြင်း ခံရသူများအဖြစ် ရှိနေကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်နှင့် အလျှင်း စကားမပြောဆိုကြကုန်လင့်။
إِنَّهُ كَانَ فَرِيقٌ مِنْ عِبَادِي يَقُولُونَ رَبَّنَا آمَنَّا فَاغْفِرْ لَنَا وَارْحَمْنَا وَأَنْتَ خَيْرُ الرَّاحِمِينَ
ဧကန်စင်စစ် ငါအရှင်မြတ်၏ ကျွန်တို့အနက် လူတစ်စုသည် ရှိခဲ့ကြကုန်၏။ ၎င်းတို့သည်(ငါအရှင်မြတ်အထံတော်တွင် ဤသို့) လျှောက်ထား ပန်ကြားလျက် ရှိခဲ့ကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည်ကြပါသည်။ ထို့အတွက် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လွတ်ငြိမ်း ချမ်းသာခွင့် ပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား သနားတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့ထက် သာလွန် သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်။
فَاتَّخَذْتُمُوهُمْ سِخْرِيًّا حَتَّىٰ أَنْسَوْكُمْ ذِكْرِي وَكُنْتُمْ مِنْهُمْ تَضْحَكُونَ
ထိုအခါ အသင်တို့သည် ၎င်းတို့အား ပြက်ချော် ပြောင်လှောင်ဖွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ နောက်ဆုံးတွင် ၎င်းတို့အား အသင်တို့၏ ပြက်ချော်မှုသည် အသင်တို့ကို ငါ အရှင်မြတ်အား သတိရခြင်းမှ မေ့ပျောက်စေခဲ့ကုန်သည်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အပေါ်၌ ရယ်မောလျက်ပင် ရှိခဲ့ ကြကုန်၏။

Choose other languages: