Quran Apps in many lanuages:

Surah Al-Mulk Ayahs #14 Translated in Burmese

وَقَالُوا لَوْ كُنَّا نَسْمَعُ أَوْ نَعْقِلُ مَا كُنَّا فِي أَصْحَابِ السَّعِيرِ
ထိုမှတစ်ပါး ၎င်းတို့က အကယ်၍သာ ကျွန်ုပ်တို့သည် နားထောင်ခဲ့ကြပါလျှင် သို့တည်းမဟုတ် ကျွန်ုပ်တို့သည် နားလည်ခဲ့ကြပါလျှင် ကျွန်ုပ်တို့သည် ငရဲသားများ ဖြစ်ကြမည်မဟုတ်ဟု ပြောဆိုကြပေမည်။
فَاعْتَرَفُوا بِذَنْبِهِمْ فَسُحْقًا لِأَصْحَابِ السَّعِيرِ
မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် (ကိယာမတ်နေ့တွင်) မိမိတို့၏ ပြစ်မှုကျူးလွန်ခြင်းကို ဝန်ခံကြပေမည်၊ သို့ဖြစ်ပေရာ "ဂျဟန္နမ်" ငရဲသားတို့၌ ကရုဏာတော်မှ ကင်းဝေးမှုသည် ရှိစေသား။
إِنَّ الَّذِينَ يَخْشَوْنَ رَبَّهُمْ بِالْغَيْبِ لَهُمْ مَغْفِرَةٌ وَأَجْرٌ كَبِيرٌ
ဧကန်မလွဲ မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့သော သူတို့အဖို့ အပြစ်မှ ချမ်းသာပေးခြင်းသည်လည်းကောင်း၊ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည် လည်းကောင်း၊ ရှိ၏။
وَأَسِرُّوا قَوْلَكُمْ أَوِ اجْهَرُوا بِهِ ۖ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
ထို့ပြင် အသင်တို့သည် မိမိတို့၏ စကားများကို လျှို့ဝှက်စွာပြောဆိုကြသည်ဖြစ်စေ၊ ကျယ်လောင်စွာ ပြောဆိုကြသည်ဖြစ်စေ၊ ဧကန်စင်စစ် ထိုအရှင်မြတ်မှာမူကား စိတ်နှလုံးများအတွင်းဝယ် ရှိသည်တို့ကိုပင် အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော် မူ၏။
أَلَا يَعْلَمُ مَنْ خَلَقَ وَهُوَ اللَّطِيفُ الْخَبِيرُ
ဖန်ဆင်းတော်မူသော အရှင်မြတ်သည် သိတော်မူမည် မဟုတ်ပါသလော။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် သိမ်မွေ့သောအရာတို့ကို လွန်စွာ သိမြင်တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

Choose other languages: