Quran Apps in many lanuages:

Surah Al-Maarij Ayahs #36 Translated in Burmese

وَالَّذِينَ هُمْ لِأَمَانَاتِهِمْ وَعَهْدِهِمْ رَاعُونَ
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့ ယုံကြည်လွှဲအပ်ခြင်း ခံကြရသည်တို့ကိုလည်းကောင်း၊ မိမိတို့၏ ကတိဝန်ခံချက်များကိုလည်း ကောင်း၊ စောင့်စည်း ထိန်းသိမ်းသူများပင် ဖြစ်ကြကုန်၏။
وَالَّذِينَ هُمْ بِشَهَادَاتِهِمْ قَائِمُونَ
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏ သက်သေခံချက်များကို တိကျမှန်ကန်စွာ ထွက်ဆိုကြကုန်၏။
وَالَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ يُحَافِظُونَ
ထိုမှတစ်ပါး အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏"ဆွလာတ်"ဝတ်ပြုမှုကို အမြဲမပြတ် စောင့်ထိန်းကြကုန်၏။
أُولَٰئِكَ فِي جَنَّاتٍ مُكْرَمُونَ
ထိုသူတို့ကား"ဂျန္နတ်"သုခဘုံများဝယ် ဂုဏ်အသရေရှိစွာ စံစားကြရကုန်အံ့သတည်း။
فَمَالِ الَّذِينَ كَفَرُوا قِبَلَكَ مُهْطِعِينَ
သို့ဖြစ်ပေရာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် မည်သည့်အကြောင်းကြောင့် အသင့်ဘက်သို့ လျှင်မြန်စွာ ပြေးလာလျက်ရှိကြသနည်း။

Choose other languages: