Quran Apps in many lanuages:

Surah Al-Kahf Ayahs #84 Translated in Burmese

وَأَمَّا الْغُلَامُ فَكَانَ أَبَوَاهُ مُؤْمِنَيْنِ فَخَشِينَا أَنْ يُرْهِقَهُمَا طُغْيَانًا وَكُفْرًا
၎င်းပြင် ထိုသူငယ်ကား ၎င်း၏မိဘနှစ်ပါးမှာမုအ်မင်န်သက်ဝင်ယုံကြည်သူများ ဖြစ်ခဲ့ကြရာ ယင်းသူငယ်သည်(မိမိ)၏ ဆိုးသွမ်းမှုဖြင့်လည်းကောင်း၊ သွေဖည်မှုဖြင့်လည်းကောင်း၊ ထိုမိဘနှစ်ပါးအား ဖိစီးနှိပ်စက်မည်ကို ကျွန်ုပ်တို့စိုးရိမ် ခဲ့ပေသည်။
فَأَرَدْنَا أَنْ يُبْدِلَهُمَا رَبُّهُمَا خَيْرًا مِنْهُ زَكَاةً وَأَقْرَبَ رُحْمًا
သို့ဖြစ်ပေရာ ၎င်းတို့နှစ်ဦးအား ၎င်းတို့၏ အရှင်မြတ်က ထိုသူငယ်ထက်(အကျင့်စာရိတ္တ)စင်ကြယ်သန့်ရှင်းရာတွင် ပိုမိုကောင်းမြတ်၍ (မိဘနှစ်ပါးအား) ချစ်ခင်မြတ်နိုး၍ထောက်ပံ့ရာတွင်လည်း ပိုမိုထူးကဲသော(သားသမီးမျိုးကို)အစားပေးတော်မူရန် ကျွန်ုပ်ရည်ရွယ်ခဲ့ပေသတည်း။
وَأَمَّا الْجِدَارُ فَكَانَ لِغُلَامَيْنِ يَتِيمَيْنِ فِي الْمَدِينَةِ وَكَانَ تَحْتَهُ كَنْزٌ لَهُمَا وَكَانَ أَبُوهُمَا صَالِحًا فَأَرَادَ رَبُّكَ أَنْ يَبْلُغَا أَشُدَّهُمَا وَيَسْتَخْرِجَا كَنْزَهُمَا رَحْمَةً مِنْ رَبِّكَ ۚ وَمَا فَعَلْتُهُ عَنْ أَمْرِي ۚ ذَٰلِكَ تَأْوِيلُ مَا لَمْ تَسْطِعْ عَلَيْهِ صَبْرًا
ထို့ပြင် ယင်းတံတိုင်းကား ထိုမြို့မှ မိဘမဲ့သူငယ်နှစ်ဦးတို့၏တံတိုင်းပင်ဖြစ်ခဲ့ပေသည်။ ၎င်းပြင် ယင်းတံတိုင်း၏အောက်တွင် ထိုသူငယ်နှစ်ဦးအဖို့ စုဆောင်းထားသော ဘဏ္ဍာပစ္စည်းသည် ရှိနေပေသည်။ ထိုမှတစ်ပါး ထိုသူငယ်နှစ်ဦး၏ဖခင်မှာလည်း သူမွန်သူမြတ်တစ်ပါးပင် ဖြစ်ခဲ့ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့နှစ်ဦး မိမိတို့ လူလားမြောက်သောအရွယ်သို့ ရောက်ကြသော အခါအသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်အားဖြင့် မိမိတို့၏ဘဏ္ဍာပစ္စည်းကို ဖော်ထုတ်ယူကြရန် ရည်ရွယ်တော်မူခဲ့ပေသည်။ စင်စစ် ကျွန်ုပ်သည် ဤကိစ္စကိုမိမိသဘောနှင့်ပြုလုပ်ခဲ့သည် မဟုတ်ပေ။ ဤသည် အသင်သည်းခံ၍ မနေနိုင်ခဲ့သောကိစ္စ၏ အဖြစ်မှန်ပင်ဖြစ် ပေသည်တကား။
وَيَسْأَلُونَكَ عَنْ ذِي الْقَرْنَيْنِ ۖ قُلْ سَأَتْلُو عَلَيْكُمْ مِنْهُ ذِكْرًا
ထိုမှတစ်ပါး ၎င်း(ကုရိုက်ရှ်အမျိုးသား)တို့သည်ဇုလ်ကရ်နိုင်န် နှင့်ပတ်သက်၍ အသင့်အား မေးမြန်းကြလေသည်။ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား (အချင်းတို့၊) ငါသည် ယခုပင် ယင်း(ဇုလ်ကရ်နိုင်န်)၏ (အကြောင်းများ)အနက် အကြောင်းတစ်ခုကို အသင်တို့ရှေ့ဝယ် ပြန်၍ပြောပြမည်ဟူ၍ ပြောကြားပါလေ။
إِنَّا مَكَّنَّا لَهُ فِي الْأَرْضِ وَآتَيْنَاهُ مِنْ كُلِّ شَيْءٍ سَبَبًا
ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းဇုလ်ကရ်နိုင်န်အား ကမ္ဘာမြေဝယ် အုပ်ချုပ်မှုအာဏာပေးတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား ခပ်သိမ်းသောအရာတို့သို့၊ လမ်းတစ်ခုကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။(တစ်နည်း)အရာခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နည်းလမ်း(ဥစ္စာပစ္စည်းလက်နက်ကိရိယာအမျိုးမျိုး)ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။

Choose other languages: