Quran Apps in many lanuages:

Surah Al-Kahf Ayahs #69 Translated in Burmese

فَوَجَدَا عَبْدًا مِنْ عِبَادِنَا آتَيْنَاهُ رَحْمَةً مِنْ عِنْدِنَا وَعَلَّمْنَاهُ مِنْ لَدُنَّا عِلْمًا
ထိုအခါ ထိုနှစ်ဦးသည် ငါအရှင်မြတ်၏ ကျွန်များအနက် ကျွန်တစ်ပါးကို တွေ့ရှိကြလေသည်။ ငါ အရှင်မြတ်သည် ထိုကျွန်အား မိမိအထံတော်မှ အထူးကျေးဇူးတော်တစ်ရပ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် (အထူး)ပညာတစ်ရပ်ကို လည်း ထိုကျွန်အား သင်ကြား၍ပေးတော်မူခဲ့လေသတည်း။
قَالَ لَهُ مُوسَىٰ هَلْ أَتَّبِعُكَ عَلَىٰ أَنْ تُعَلِّمَنِ مِمَّا عُلِّمْتَ رُشْدًا
မူစာသည် (ငါအရှင်မြတ်၏)ထိုကျွန်အား အသင်သည် မိမိသင်ကြားပို့ချခြင်းခံရသည့် ဆင်ခြင်တုံ တရားအနက်မှကျွန်ုပ်အားလည်း သင်ပေးပါရန် ကျွန်ုပ်အသင်နှင့်အတူ လိုက်နိုင်ပါသလောဟု ပြောဆို (မေတ္တာရပ်ခံ)ခဲ့လေ၏။
قَالَ إِنَّكَ لَنْ تَسْتَطِيعَ مَعِيَ صَبْرًا
၎င်းက ဧကန်အမှန် အသင်သည် ကျွန်ုပ်နှင့်အတူ အလျင်းသည်းခံ(၍နေ)နိုင်မည် မဟုတ်ဟု ပြောဆိုဖြေကြားခဲ့လေ၏။
وَكَيْفَ تَصْبِرُ عَلَىٰ مَا لَمْ تُحِطْ بِهِ خُبْرًا
စင်စစ် အသင်သည် အသိပညာအားဖြင့် မိမိမငုံမိသောကိစ္စနှင့်စပ်လျဉ်း၍ အသို့လျှင်သည်းခံ၍ နေနိုင်ပါအံ့နည်း။
قَالَ سَتَجِدُنِي إِنْ شَاءَ اللَّهُ صَابِرًا وَلَا أَعْصِي لَكَ أَمْرًا
(ထိုအခါ) ယင်းမူစာက အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူပါလျှင် အသင်သည် ကျွန်ုပ်အား သည်းခံ သူတစ်ဦးဖြစ်သည်ကို တွေ့ရှိပါလိမ့်မည်။ ထိုမှတစ်ပါး ကျွန်ုပ်သည်အသင်၏ မည်သည့်အမိန့်ကိုမျှပင် သွေဖည်မည် မဟုတ်ပါဟုပြောဆိုခဲ့လေသည်။

Choose other languages: