Quran Apps in many lanuages:

Surah Al-Kahf Ayahs #40 Translated in Burmese

وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِنْ رُدِدْتُ إِلَىٰ رَبِّي لَأَجِدَنَّ خَيْرًا مِنْهَا مُنْقَلَبًا
ထိုနည်းတူစွာ ကျွန်ုပ်သည် ကိယာမတ်ဖြစ်လိမ့်မည်ဟူ၍လည်းမထင်။ သို့ရာတွင် အကယ်၍ ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ပြန်ပို့ခြင်းကို ခံခဲ့ရသည့်တိုင်လည်း၊ ဧကန်မလွဲ ကျွန်ုပ်သည်ယင်းဥယျာဉ်ထက် ပိုမို၍ကောင်းမြတ်သောနေရာကိုပင် ရရှိအံ့သတည်းဟူ၍လည်း ပြောဆိုပြန်၏။
قَالَ لَهُ صَاحِبُهُ وَهُوَ يُحَاوِرُهُ أَكَفَرْتَ بِالَّذِي خَلَقَكَ مِنْ تُرَابٍ ثُمَّ مِنْ نُطْفَةٍ ثُمَّ سَوَّاكَ رَجُلًا
(ထိုအခါ)၎င်း၏အဖော်သည် ၎င်းအား ဖြေကြားသောအားဖြင့်(ဤသို့)ပြောဆိုခဲ့လေ၏။ (အိုချစ်ဆွေ)အသင်သည် အကြင်အရှင်မြတ်အား သွေဖည်ငြင်းပယ်ခဲ့လေသလော။ထိုအရှင်မြတ်သည် အသင့်အား (ဦးစွာပထမ)မြေကြီးဖြင့်ဖန်ဆင်းသောမူခဲ့လေသည်။ ထို့နောက် သုတ်ရည်စက်တစ်စက်ဖြင့် (သန္ဓေတည်စေ)ပြီးနောက် အသင့်အား ယောက်ျားအဖြစ်ပြီးမြောက်စုံလင်အောင် စီမံဆောင်ရွက်တော်မူခဲ့ပေသည်။
لَٰكِنَّا هُوَ اللَّهُ رَبِّي وَلَا أُشْرِكُ بِرَبِّي أَحَدًا
သို့ရာတွင် ကျွန်ုပ်မူကား ထိုအရှင်မြတ်သည်ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသောအလ္လာဟ် အရှင်မြတ်ပင်ဖြစ်တော်မူသည်။ ၎င်းပြင် ကျွန်ုပ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သည် လည်းမဟုတ်ပေ။
وَلَوْلَا إِذْ دَخَلْتَ جَنَّتَكَ قُلْتَ مَا شَاءَ اللَّهُ لَا قُوَّةَ إِلَّا بِاللَّهِ ۚ إِنْ تَرَنِ أَنَا أَقَلَّ مِنْكَ مَالًا وَوَلَدًا
၎င်းပြင် အသင်သည် မိမိဥယျာဉ်သို့ ဝင်ရောက်ခဲ့စဉ်အခါက(မာရှာအလ္လာဟ်လာကူးဝသအစ်လ္လာဗစ်လ္လာဟ်)ဤသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောအရာကိစ္စသာလျှင် ဖြစ်မြောက်၏။ အလ္လာဟ်အရှင်အကူအညီမရှိလျှင်မည်သို့မျှ စွမ်းဆောင်နိုင်ခြင်း မရှိပါ ဟု အဘယ်ကြောင့် မဆိုခဲ့ပါသနည်း။ အကယ်၍ အသင်သည် ကျွန်ုပ်အား အသင့်ထက်ပစ္စည်းဥစ္စာအားဖြင့် လည်းကောင်း၊ သားသမီးဥစ္စာအားဖြင့်လည်းကောင်း နည်းပါးသူဖြစ်သည်ဟု မြင်နေပါသော်လည်း၊
فَعَسَىٰ رَبِّي أَنْ يُؤْتِيَنِ خَيْرًا مِنْ جَنَّتِكَ وَيُرْسِلَ عَلَيْهَا حُسْبَانًا مِنَ السَّمَاءِ فَتُصْبِحَ صَعِيدًا زَلَقًا
ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်၏ဥယျာဉ်ထက် ပိုမိုကောင်းမြတ်သော(ဥယျာဉ်ကို) ကျွန်ုပ်အား ချီးမြှင့်ပေးသနားတော်မူ၍ (အသင်၏)ထိုဥယျာဉ်ပေါ်၌ မိုးကောင်ကင်မှ မိုးကြိုးလောင်မီးဘေးအန္တရာယ်တစ်စုံတစ်ရာကို ချတော်မူလတ္တံ့။ သို့ဖြစ်လျှင်(အသင်၏) ထိုဥယျာဉ်မှာချောမွတ်သော မြေပြင်တစ်ခုသာဖြစ်သွားအံ့တည်း။

Choose other languages: