Quran Apps in many lanuages:

Surah Al-Kahf Ayahs #105 Translated in Burmese

الَّذِينَ كَانَتْ أَعْيُنُهُمْ فِي غِطَاءٍ عَنْ ذِكْرِي وَكَانُوا لَا يَسْتَطِيعُونَ سَمْعًا
အကြင် (ကာဖိရ်သွေဖည်ငြင်းပယ်သော)သူတို့သည် ထိုသူတို့၏မျက်စိများမှာ ငါအရှင်မြတ်အား အောက်မေ့သတိရခြင်းမှ ဖုံးအုပ်လျက်ပင်ရှိခဲ့ကြ၏။ ထို့ပြင် ၎င်းတို့သည်(ယင်းကုရ်အာန်ကျမ်းမြတ်တော်ကိုနားဝင်အောင်) နားထောင်နိုင်ခြင်းလည်း မရှိခဲ့ကြချေ။
أَفَحَسِبَ الَّذِينَ كَفَرُوا أَنْ يَتَّخِذُوا عِبَادِي مِنْ دُونِي أَوْلِيَاءَ ۚ إِنَّا أَعْتَدْنَا جَهَنَّمَ لِلْكَافِرِينَ نُزُلًا
သို့ပါလျက် ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က ၎င်းတို့သည် ငါအရှင်မြတ်အားစွန့်၍ ငါအရှင်မြတ်၏ကျွန်များကို (မိမိတို့အား)ကာကွယ်စောင့်ရှောက်သော အဆွေခင်ပွန်များ ပြုလုပ်ခဲ့ကြမည်ဟု ထင်မှတ်ကြလေသလော။ (သို့ဖြစ်လျှင်) ဧကန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အဖို့ ဧည့်ခံရာဌာနအဖြစ် အဆင့်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ပေသည်။
قُلْ هَلْ نُنَبِّئُكُمْ بِالْأَخْسَرِينَ أَعْمَالًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားအချင်းတို့၊) ငါသည် အသင်တို့အား အကျင့်အမူအားဖြင့် လုံးဝဆုံးရှုံးသောသူတို့နှင့်ပတ်သက်၍ အသင်တို့အား အသိပေးရမည်လောဟု ပြောကြားပါလော။
الَّذِينَ ضَلَّ سَعْيُهُمْ فِي الْحَيَاةِ الدُّنْيَا وَهُمْ يَحْسَبُونَ أَنَّهُمْ يُحْسِنُونَ صُنْعًا
(ထိုသူကား) အကြင်သူများပင်တည်း။ [၎င်းတို့၏(ကောင်းမှုကုသိုလ်များနှင့်စပ်လျဉ်းသော)ကြိုးပမ်းဆောင်ရွက်မှုသည် လောကီဘဝ၌ပင် အချည်းနှီးဖြစ်ခဲ့ရလေပြီ၊] [(တစ်နည်း) ၎င်းတို့၏ လောကီဘဝနှင့်စပ်လျဉ်းသော ကြိုးပမ်းဆောင်ရွက်မှုသည် အချည်းနှီးပင် ဖြစ်ခဲ့လေပြီ၊] [(တစ်နည်း)၎င်းတို့၏ ကြိုးပမ်းဆောင်ရွက်မှုသည် လောကီရေး၌ပင် ပျက်ပြုန်းခဲ့ရချေပြီ၊] သို့ပါလျှက် ၎င်းတို့သည် ဧကန်အမှန် မိမိတို့မှာကောင်းမြတ်သောအပြုအမူများ ကိုပင် ပြုလုပ်နေကြသည်ဟုထင်မှတ်ကြ၏။
أُولَٰئِكَ الَّذِينَ كَفَرُوا بِآيَاتِ رَبِّهِمْ وَلِقَائِهِ فَحَبِطَتْ أَعْمَالُهُمْ فَلَا نُقِيمُ لَهُمْ يَوْمَ الْقِيَامَةِ وَزْنًا
ဤသူများပင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကိုလည်း ကောင်း၊ ငြင်းပယ်ခဲ့ကြလေသည်။သို့ဖြစ်ပေရာ ၎င်းတို့၏ အကျင့်အမူများမှာ အချည်းနှီးပင်ဖြစ်ခဲ့ကြပေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်လည်း ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မည်သည့်အလေးချိန်ကိုမျှပင် ၎င်းတို့အဖို့ သတ်မှတ်၍ ပေးတော်မူမည်မဟုတ်ပေ။

Choose other languages: