Quran Apps in many lanuages:

Surah Al-Jinn Ayahs #17 Translated in Burmese

وَأَنَّا لَمَّا سَمِعْنَا الْهُدَىٰ آمَنَّا بِهِ ۖ فَمَنْ يُؤْمِنْ بِرَبِّهِ فَلَا يَخَافُ بَخْسًا وَلَا رَهَقًا
ထို့ပြင် ဧကန်ဆတ်ဆတ် ကျွန်ုပ်တို့သည် တရားလမ်းညွှန်(တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်)ကို ကြားနာကြရသောအခါ ကျွန်ုပ်တို့သည် ယင်းတရားလမ်းညွှန်(တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်)ကို သက်ဝင်ယုံ ကြည်လာခဲ့ကြသည်။ စင်စစ်သော်ကား မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ပါလျှင် ထိုသူသည် မည်သည့် လျော့နည်းစေမှုကိုမျှလည်း စိုးရိမ်ရမည် မဟုတ်ပေ။ မည်သည့် အဓမ္မမှုကိုမျှလည်း စိုးရိမ်ရမည် မဟုတ်ပေ။
وَأَنَّا مِنَّا الْمُسْلِمُونَ وَمِنَّا الْقَاسِطُونَ ۖ فَمَنْ أَسْلَمَ فَأُولَٰئِكَ تَحَرَّوْا رَشَدًا
ထိုမှတစ်ပါး ဧကန်မလွဲ ကျွန်ုပ်တို့တွင် အချို့မှာ မွတ်စ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)များ ဖြစ်ကြကုန်၏။ ထိုနည်းတူစွာ ကျွန်ုပ်တို့တွင် အချို့မှာ မတရားသောသူများ ဖြစ်ကြကုန်၏။ စင်စစ် "အစ္စလာမ်" သာသနာတော်ကို လက်ခံသောသူတို့သည် လမ်းမှန်ကို ရှာဖွေ ရရှိခဲ့ကြသောသူများပင် ဖြစ်ကြကုန်၏။
وَأَمَّا الْقَاسِطُونَ فَكَانُوا لِجَهَنَّمَ حَطَبًا
သို့ရာတွင် မတရားသော သူတို့မှာကား ‘ဂျဟန္နမ်’ငရဲ၏ လောင်စာများပင် ဖြစ်ကြကုန်၏။
وَأَنْ لَوِ اسْتَقَامُوا عَلَى الطَّرِيقَةِ لَأَسْقَيْنَاهُمْ مَاءً غَدَقًا
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည်(တရား)လမ်း(မှန်)ပေါ်၌ တည်ကြည်ဖြောင့်မတ် ကြံ့ခိုင်စွာတည်တံ့ခဲ့ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား လှိုင်လှိုင်ရှိသော (ဖောဖောသီသီရှိသော)ရေကို တိုက်ကျွေးတော်မူမည်ဖြစ်၏။
لِنَفْتِنَهُمْ فِيهِ ۚ وَمَنْ يُعْرِضْ عَنْ ذِكْرِ رَبِّهِ يَسْلُكْهُ عَذَابًا صَعَدًا
ငါအရှင်မြတ်သည် ၎င်းတို့အား ထိုရေနှင့် စပ်လျဉ်း၍ စမ်းသပ်တော်မူအံ့သောငှာ စင်စစ်သော်ကား မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မျက်နှာလွှဲသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား ပြင်းထန်သော ပြစ်ဒဏ်သို့ ဝင်ရောက်စေတော်မူအံ့သတည်း။

Choose other languages: