Quran Apps in many lanuages:

Surah Al-Jinn Ayahs #15 Translated in Burmese

وَأَنَّا مِنَّا الصَّالِحُونَ وَمِنَّا دُونَ ذَٰلِكَ ۖ كُنَّا طَرَائِقَ قِدَدًا
၎င်းပြင် ဧကန်အမှန် ကျွန်ုပ်တို့တွင် အချို့မှာ သူတော်ကောင်းများဖြစ်ကြ၏။ ကျွန်ုပ်တို့တွင် အချို့မှာ ထိုမှတစ်ပါးသောသူများ ဖြစ်ကြကုန်၏။ (စင်စစ်သော်ကား)ကျွန်ုပ်တို့သည် ဂိုဏ်းဂဏအမျိုးမျိုး ဖြစ်ခဲ့ကြကုန်၏။
وَأَنَّا ظَنَنَّا أَنْ لَنْ نُعْجِزَ اللَّهَ فِي الْأَرْضِ وَلَنْ نُعْجِزَهُ هَرَبًا
သို့ရာတွင် စင်စစ်ဧကန် ကျွန်ုပ်တို့သည် ၎င်းအရှင်မြတ်အား ပထဝီမြေပေါ်၌လည်း မစွမ်းဆောင်နိုင်အောင် အလျှင်းပြုလုပ်နိုင်ကြမည် မဟုတ် ကြောင်းကိုလည်းကောင်း၊ (ပထဝီမြေမှ)ထွက်ပြေး တိမ်းရှောင်ခြင်းအားဖြင့်လည်း ထိုအရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် အလျှင်းပြုလုပ်နိုင်ကြမည် မဟုတ်ကြောင်းကိုလည်းကောင်း၊ သိရှိပြီးဖြစ်ခဲ့ကြလေပြီ။
وَأَنَّا لَمَّا سَمِعْنَا الْهُدَىٰ آمَنَّا بِهِ ۖ فَمَنْ يُؤْمِنْ بِرَبِّهِ فَلَا يَخَافُ بَخْسًا وَلَا رَهَقًا
ထို့ပြင် ဧကန်ဆတ်ဆတ် ကျွန်ုပ်တို့သည် တရားလမ်းညွှန်(တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်)ကို ကြားနာကြရသောအခါ ကျွန်ုပ်တို့သည် ယင်းတရားလမ်းညွှန်(တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်)ကို သက်ဝင်ယုံ ကြည်လာခဲ့ကြသည်။ စင်စစ်သော်ကား မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ပါလျှင် ထိုသူသည် မည်သည့် လျော့နည်းစေမှုကိုမျှလည်း စိုးရိမ်ရမည် မဟုတ်ပေ။ မည်သည့် အဓမ္မမှုကိုမျှလည်း စိုးရိမ်ရမည် မဟုတ်ပေ။
وَأَنَّا مِنَّا الْمُسْلِمُونَ وَمِنَّا الْقَاسِطُونَ ۖ فَمَنْ أَسْلَمَ فَأُولَٰئِكَ تَحَرَّوْا رَشَدًا
ထိုမှတစ်ပါး ဧကန်မလွဲ ကျွန်ုပ်တို့တွင် အချို့မှာ မွတ်စ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)များ ဖြစ်ကြကုန်၏။ ထိုနည်းတူစွာ ကျွန်ုပ်တို့တွင် အချို့မှာ မတရားသောသူများ ဖြစ်ကြကုန်၏။ စင်စစ် "အစ္စလာမ်" သာသနာတော်ကို လက်ခံသောသူတို့သည် လမ်းမှန်ကို ရှာဖွေ ရရှိခဲ့ကြသောသူများပင် ဖြစ်ကြကုန်၏။
وَأَمَّا الْقَاسِطُونَ فَكَانُوا لِجَهَنَّمَ حَطَبًا
သို့ရာတွင် မတရားသော သူတို့မှာကား ‘ဂျဟန္နမ်’ငရဲ၏ လောင်စာများပင် ဖြစ်ကြကုန်၏။

Choose other languages: