Quran Apps in many lanuages:

Surah Al-Jathiya Ayahs #26 Translated in Burmese

وَخَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَلِتُجْزَىٰ كُلُّ نَفْسٍ بِمَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် လူတိုင်းလူတိုင်း မိမိတို့ ရှာဖွေဆည်းပူးခဲ့သော (ကောင်းမှု၊မကောင်းမှု)နှင့်စပ်လျဉ်း၍ အစားပေးခြင်းခံရအံ့သောငှာ(ဖန်ဆင်းတော်မူခဲ့၏၊) သို့ရာတွင် ၎င်းတို့သည် မတရားမှုပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။
أَفَرَأَيْتَ مَنِ اتَّخَذَ إِلَٰهَهُ هَوَاهُ وَأَضَلَّهُ اللَّهُ عَلَىٰ عِلْمٍ وَخَتَمَ عَلَىٰ سَمْعِهِ وَقَلْبِهِ وَجَعَلَ عَلَىٰ بَصَرِهِ غِشَاوَةً فَمَنْ يَهْدِيهِ مِنْ بَعْدِ اللَّهِ ۚ أَفَلَا تَذَكَّرُونَ
(အို-နဗီတမန်တော်) မိမိစိတ်အလ�ုဆန္ဒကို မိမိဆည်းကပ်ကိုးကွယ်ရာ ပြုလုပ်ထားသောသူအား အသင်မမြင်လေသလော။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သိတော်မူပါလျက်နှင့်ပင် ၎င်းအား လမ်းမှား၌ ရှိစေတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူ၏ နားပေါ်၌လည်းကောင်း၊ထိုသူ၏ စိတ်နှလုံးပေါ်၌လည်းကောင်း၊ တံဆိပ်ခတ်နှိပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်း၏မျက်စိပေါ်ဝယ် အကာအဖုံးကို ပြုလုပ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုသူအား အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ တရားလမ်းမှန်ကို ညွှန်ပြအံ့နည်း။ သို့ပါလျက် အသင်တို့သည် တရားရယူကြသည် မရှိလေသလော။
وَقَالُوا مَا هِيَ إِلَّا حَيَاتُنَا الدُّنْيَا نَمُوتُ وَنَحْيَا وَمَا يُهْلِكُنَا إِلَّا الدَّهْرُ ۚ وَمَا لَهُمْ بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَظُنُّونَ
ထို့ပြင် ၎င်းတို့က အသက်ရှင်ခြင်းဟူသည် (ဤ)လောကီဘဝ၌ ကျွန်ုပ်တို့၏အသက်ရှင်ခြင်းမှ တစ်ပါးအခြားမရှိပြီ။ ကျွန်ုပ်တို့သည် (တစ်ကြိမ်တစ်ခါသာလျှင်) အသက်သေဆုံးကြ၍ (တစ်ကြိမ်တစ်ခါသာလျှင်) အသက်ရှင်ကြကုန်၏။စင်စစ် ကျွန်ုပ်တို့အား ခေတ်ကာလသည်သာလျှင် ပျက်စီးစေ၏။ အမှန်စင်စစ်မှာမူကား ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့၌ မည်သည့်အသိပညာမျှပင် မရှိချေ။ ၎င်းတို့သည် ရမ်းဆ(ပြောဆို) နေကြသည်သာ ဖြစ်သည်။
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ مَا كَانَ حُجَّتَهُمْ إِلَّا أَنْ قَالُوا ائْتُوا بِآبَائِنَا إِنْ كُنْتُمْ صَادِقِينَ
ထိုမှတစ်ပါး ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ထင်ရှားစွာသော အာယတ်တော်များ ဖတ်ကြားခြင်း ခံရလေသောအခါ ၎င်းတို့က "အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ကျွန်ုပ်တို့၏(သေဆုံးလေပြီးသော) အဘ၊ ဘိုး၊ ဘေးတို့အား(တစ်ဖန်ရှင်ပြန်ထစေပြီး) ခေါ်ယူခဲ့ကြလေကုန်" ဟု ပြောဆိုခြင်းမှတစ်ပါး မည်သို့မျှ ဆင်ခြေတက်နိုင်ကြသည် မရှိပေ။
قُلِ اللَّهُ يُحْيِيكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يَجْمَعُكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူသည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား သေစေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဒွိဟသံသယ အလျဉ်းမရှိသော "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် စုရုံးတော်မူပေမည်။ သို့ရာတွင် အများဆုံးသော သူတို့မှာမူကား သိရှိကြသည် မဟုတ်ပေ။

Choose other languages: