Quran Apps in many lanuages:

Surah Al-Isra Ayahs #40 Translated in Burmese

وَلَا تَقْفُ مَا لَيْسَ لَكَ بِهِ عِلْمٌ ۚ إِنَّ السَّمْعَ وَالْبَصَرَ وَالْفُؤَادَ كُلُّ أُولَٰئِكَ كَانَ عَنْهُ مَسْئُولًا
ထို့ပြင်တစ်ဝအသင်သည်မိမိမသိသောအကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်။ ဧကန်မလွဲ နား၊ မျက်စိ၊စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍စုံစမ်းမေးမြန်းခြင်းကို ခံရမည်သာတည်း။
وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّكَ لَنْ تَخْرِقَ الْأَرْضَ وَلَنْ تَبْلُغَ الْجِبَالَ طُولًا
၎င်းပြင် အသင်သည် ပထဝီမြေပြင်ဝယ် ဟိတ်ဟန်ထုတ်၍ မလျှောက်လေနှင့်။ ဧကန်စင်စစ် အသင်သည်(ယင်းသို့လမ်းလျှောက်ခြင်းအားဖြင့်)ပထဝီမြေကိုလည်းအလျင်းထွင်းဖောက် (ခွဲ) နိုင်မည်မဟုတ်ပေ။ ထိုမှတစ်ပါးအသင်သည် မိမိကိုယ်လုံးကိုယ်ရပ် မြင့်မားခြင်းဖြင့် တောင်များကိုလည်း အလျင်းမီနိုင်မည် မဟုတ်ချေ။
كُلُّ ذَٰلِكَ كَانَ سَيِّئُهُ عِنْدَ رَبِّكَ مَكْرُوهًا
ဤ(အမိန့်ပညတ်) အသီးသီးတို့အနက် မကောင်းမှုတို့မှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် စက်ဆုပ်ရွံရှာဖွယ်များ ပင် ဖြစ်ကုန်သတည်း။
ذَٰلِكَ مِمَّا أَوْحَىٰ إِلَيْكَ رَبُّكَ مِنَ الْحِكْمَةِ ۗ وَلَا تَجْعَلْ مَعَ اللَّهِ إِلَٰهًا آخَرَ فَتُلْقَىٰ فِي جَهَنَّمَ مَلُومًا مَدْحُورًا
ဤသည်တို့ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်ပညာများအနက်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူသော အမိန့်ပညတ်တော် များပင်ဖြစ်ကုန်၏။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို)မပြုလေနှင့်။ သို့ပြုခဲ့သော် အသင်သည် ဂျဟန္နမ်ငရဲဘုံ၌ ပြစ်တင် ရှုတ်ချခြင်းခံရလျက်၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရလျက် ပစ်ချခြင်းခံရအံ့သတည်း။
أَفَأَصْفَاكُمْ رَبُّكُمْ بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည် အသင်တို့အား ထူးခြားစွာ သား ယောက်ျားကလေးများကိုသာ ချီးမြှင့်တော်မူ၍ မိမိကိုယ်တော်တိုင်မှာမူကားမလာအိကဟ် ကောင်းကင် တမန်တို့အား သမီးမိန်းကလေးများအဖြစ် မွေးစားတော်မူထားပါသလော။ ဧကန်မလွဲ အသင်တို့သည် ကြီးကျယ်လွန်မင်းသောစကားကို ပြောဆိုကြကုန်သတည်း။

Choose other languages: