Quran Apps in many lanuages:

Surah Al-Inshiqaq Ayahs #23 Translated in Burmese

لَتَرْكَبُنَّ طَبَقًا عَنْ طَبَقٍ
အမှန်ပင် အသင်တို့သည် တစ်ဆင့်မှတစ်ဆင့်သို့ တက်ကြရပေမည်။
فَمَا لَهُمْ لَا يُؤْمِنُونَ
သို့ပါလျက် ၎င်းတို့သည် မည်သည့်အကြောင်းကြောင့် မယုံကြည်ကြပါသနည်း။
وَإِذَا قُرِئَ عَلَيْهِمُ الْقُرْآنُ لَا يَسْجُدُونَ ۩
ထိုမှတစ်ပါး ၎င်းတို့ရှေ့၌ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ကြားသောအခါဝယ် ၎င်းတို့သည်(မည်သည့်အကြောင်းကြောင့်) ပျပ်ဝပ်ဦးချခြင်း မပြုကြသနည်း။
بَلِ الَّذِينَ كَفَرُوا يُكَذِّبُونَ
ထိုမျှမကသေးပေ၊ စင်စစ်မှာမူကား ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့သည် ("ကိယာမတ်" အကြောင်းကို ရှင်းလင်းပြသော ထိုကုရ်အာန်ကျမ်းတော်မြတ်ကို) မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ကြကုန်၏။
وَاللَّهُ أَعْلَمُ بِمَا يُوعُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့လျှို့ဝှက်မျိုသိပ်၍ ထားရှိကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။

Choose other languages: