Quran Apps in many lanuages:

Surah Al-Inshiqaq Ayahs #25 Translated in Burmese

وَإِذَا قُرِئَ عَلَيْهِمُ الْقُرْآنُ لَا يَسْجُدُونَ ۩
ထိုမှတစ်ပါး ၎င်းတို့ရှေ့၌ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ကြားသောအခါဝယ် ၎င်းတို့သည်(မည်သည့်အကြောင်းကြောင့်) ပျပ်ဝပ်ဦးချခြင်း မပြုကြသနည်း။
بَلِ الَّذِينَ كَفَرُوا يُكَذِّبُونَ
ထိုမျှမကသေးပေ၊ စင်စစ်မှာမူကား ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့သည် ("ကိယာမတ်" အကြောင်းကို ရှင်းလင်းပြသော ထိုကုရ်အာန်ကျမ်းတော်မြတ်ကို) မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ကြကုန်၏။
وَاللَّهُ أَعْلَمُ بِمَا يُوعُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့လျှို့ဝှက်မျိုသိပ်၍ ထားရှိကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။
فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား ပြင်းပြနာကျင်ဖွယ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သတင်းကောင်း ပြောကြားပါလေ။
إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ
သို့ရာတွင် "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့မှာမူကား အဆုံးမရှိသော အကျိုးကျေးဇူးသည် ရှိပေသတည်း။

Choose other languages: