Quran Apps in many lanuages:

Surah Al-Insan Ayahs #6 Translated in Burmese

إِنَّا خَلَقْنَا الْإِنْسَانَ مِنْ نُطْفَةٍ أَمْشَاجٍ نَبْتَلِيهِ فَجَعَلْنَاهُ سَمِيعًا بَصِيرًا
ဧကန်စင်စစ် ငါအရှင်မြတ်သည် လူသားအား စမ်းသပ်လိုတော်မူသောအားဖြင့် ရောနှောပေါင်းစပ်သော ကလလရေကြည်ဖြင့်ဖန်ဆင်းတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းအား ကြားသူ၊ မြင်သူ၊ ပြုလုပ်တော်မူခဲ့၏။
إِنَّا هَدَيْنَاهُ السَّبِيلَ إِمَّا شَاكِرًا وَإِمَّا كَفُورًا
စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းအား တရားလမ်းမှန်ကို ပြသတော်မူခဲ့၏။(ထို့နောက် ၎င်းမှာ) ကျေးဇူးသိတတ်သူသော်လည်းကောင်း၊ လွန်စွာ ကျေးဇူးကန်းသူသော်လည်းကောင်း၊ ဖြစ်ခဲ့၏။ (တစ်နည်း) စင်စစ်ဧကန် ငါအရှင်မြတ်သည် ထိုလူသားအား ၎င်းသည် ကျေးဇူးတင်သည်ဖြစ်စေ၊ ကျေးဇူးကန်းသည်ဖြစ်စေ၊ တရားလမ်းမှန်ကို ပြသတော်မူခဲ့၏။
إِنَّا أَعْتَدْنَا لِلْكَافِرِينَ سَلَاسِلَ وَأَغْلَالًا وَسَعِيرًا
ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူ၏အဖို့ သံကြိုးများကိုလည်းကောင်း၊ လည်ကွင်းများကိုလည်းကောင်း၊ အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးကိုလည်းကောင်း၊ အဆင်သင့်ပြုလုပ်ထားတော်မူ၏။
إِنَّ الْأَبْرَارَ يَشْرَبُونَ مِنْ كَأْسٍ كَانَ مِزَاجُهَا كَافُورًا
ဧကန်စင်စစ် သူတော်သူမြတ်တို့သည် ပရုတ်ရောစပ်ထားသောအရက် အပြည့်အလျှံရှိသောခွက်မှ သောက်သုံးကြပေမည်။
عَيْنًا يَشْرَبُ بِهَا عِبَادُ اللَّهِ يُفَجِّرُونَهَا تَفْجِيرًا
အလ္လာဟ်အရှင်မြတ်၏ (ထူးကဲမြင့်မြတ်သော)ကျွန်တို့သည် အကြင်စမ်းမှ၊ ထိုစမ်းမှ၊ သောက်သုံး ကြပေမည်။၎င်းတို့သည် ယင်းစမ်းကို (အလိုရှိရာသို့) လွယ်လင့်တကူ စီးဆင်းစေကြပေမည်။

Choose other languages: