Quran Apps in many lanuages:

Surah Al-Insan Ayahs #26 Translated in Burmese

إِنَّ هَٰذَا كَانَ لَكُمْ جَزَاءً وَكَانَ سَعْيُكُمْ مَشْكُورًا
ဧကန်မလွဲ ဤသည်ကား အသင်တို့အား (ချီးမြှင့်တော်မူသော) အကျိုးကျေးဇူးပင်ဖြစ်၏။ စင်စစ်သော်ကား အသင်တို့၏ ကြိုးပမ်းမှုသည် (အရှင်မြတ်အထံတော်၌) ကျေနပ် လက်ခံပြီး ဖြစ်ပေသတည်း။
إِنَّا نَحْنُ نَزَّلْنَا عَلَيْكَ الْقُرْآنَ تَنْزِيلًا
(အို-နဗီတမန်တော်) မလွဲဧကန် ငါအရှင်မြတ်သည်သာလျှင် အသင့်အပေါ်ဝယ် ကုရ်အာန်ကျမ်းတော်မြတ်ကို တဖြည်းဖြည်း ချပေးတော်မူခဲ့၏။
فَاصْبِرْ لِحُكْمِ رَبِّكَ وَلَا تُطِعْ مِنْهُمْ آثِمًا أَوْ كَفُورًا
သို့ဖြစ်ပေရာ အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်၏အပေါ်၌ ကြံ့ခိုင်စွာရပ်တည်၍နေပါလေ။ ၎င်းပြင် အသင်သည် ထိုသူတို့အနက်မှ မည်သည့်အပြစ် ကျူးလွန်သူ၏ ပြောဆိုချက်ကိုမျှသော်လည်းကောင်း၊ မည်သည့် သွေဖည်ငြင်းပယ်သူ၏ ပြောဆိုချက်ကို မျှသော်လည်းကောင်း၊ မလိုက်နာပါလေနှင့်။
وَاذْكُرِ اسْمَ رَبِّكَ بُكْرَةً وَأَصِيلًا
ထို့ပြင်အသင်သည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ နာမံတော်ကို တသ စီးဖြန်းပါလေ။
وَمِنَ اللَّيْلِ فَاسْجُدْ لَهُ وَسَبِّحْهُ لَيْلًا طَوِيلًا
တစ်ဖန် အသင်သည် ညဉ့်၏အစိတ်အပိုင်း တစ်ခုခု၌လည်း ထိုအရှင်မြတ်အား "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချပါလေ။ ထိုမှတစ်ပါး အသင်သည် ညဉ့်၏ရှည်လျားစွာသော အစိတ်အပိုင်း၌ ထိုအရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုပါလေ။

Choose other languages: