Quran Apps in many lanuages:

Surah Al-Hijr Ayahs #32 Translated in Burmese

وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي خَالِقٌ بَشَرًا مِنْ صَلْصَالٍ مِنْ حَمَإٍ مَسْنُونٍ
၎င်းပြင် အခါတစ်ပါး၌ အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်တို့အား (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ ဧကန်အမှန် ငါအရှင်မြတ်သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသမြည်သော ရွှံ့ပုပ်ခြောက်ဖြင့် ဖန်ဆင်းတော်မူမည် ဖြစ်ပေသည်။
فَإِذَا سَوَّيْتُهُ وَنَفَخْتُ فِيهِ مِنْ رُوحِي فَقَعُوا لَهُ سَاجِدِينَ
တဖန် ငါအရှင်မြတ်သည် (လူသား၏) ထို မြေရုပ်ကိုစနစ်တကျ ပြီးစီးအောင် ပြုလုပ်(ဖန်ဆင်း)တော်မူ၍ ယင်း(မြေရုပ်တွင်း)၌ မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူလိုက်သောအခါ အသင်တို့သည် ထိုလူသား၏ ရှေ့မှောက်တွင် ပျပ်ဝပ်ဦးချကြလေကုန်။
فَسَجَدَ الْمَلَائِكَةُ كُلُّهُمْ أَجْمَعُونَ
သို့ဖြစ်ပေရာ မလာအိကဟ်ကောင်းကင်တမန်အပေါင်းတို့သည် အားလုံးပင် အသီးသီး စဂျ်ဒဟ် ပျပ်ဝပ်ဦးချခဲ့လေကြသည်။
إِلَّا إِبْلِيسَ أَبَىٰ أَنْ يَكُونَ مَعَ السَّاجِدِينَ
အီဗ်လီစ်မှအပ၊ ယင်းအီဗ်လီစ်မှာမူကား စဂျ်ဒဟ်ပျပ်ဝပ်ဦးချသူတို့တွင် အပါအဝင်ဖြစ်ခြင်းကို ငြင်းပယ် ခဲ့လေသတည်း။
قَالَ يَا إِبْلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ السَّاجِدِينَ
ထိုအခါ ထိုအရှင်မြတ်က အို-အီဗ်လီစ်၊ အသင်သည် ပျပ်ဝပ်ဦးချသူတို့တွင် အပါအဝင် မဖြစ်ရန် အသင့်၌မည်သည့်အကြောင်းရှိပေသနည်းဟု မေးမြန်းတော်မူခဲ့လေသည်။

Choose other languages: