Quran Apps in many lanuages:

Surah Al-Hijr Ayahs #27 Translated in Burmese

وَإِنَّا لَنَحْنُ نُحْيِي وَنُمِيتُ وَنَحْنُ الْوَارِثُونَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ငါအရှင်မြတ် သည်ပင်လျှင်သေစေတော်မူ၏။ ၎င်းအပြင် ငါအရှင် မြတ်သည်ပင်လျှင်အမွေစားအမွေခံ ဖြစ်တော်မူ၏။ (ကျန်ရစ်တော်မူမည့်အရှင်ဖြစ်တော်မူ၏။)
وَلَقَدْ عَلِمْنَا الْمُسْتَقْدِمِينَ مِنْكُمْ وَلَقَدْ عَلِمْنَا الْمُسْتَأْخِرِينَ
ထို့ပြင် မုချစင်စစ် ငါအရှင်မြတ်သည် အသင်၏တို့အနက်မှ ရှေးလူဟောင်းတို့ကိုလည်း ကောင်းစွာ သိတော်မူပြီးဖြစ်လေသည်။ ထိုနည်းတူစွာ မုချစင်စစ် ငါအရှင်မြတ်သည်အသင်တို့အနက်မှ နောင်လာနောက်သားတို့ကိုလည်း ကောင်းစွာ သိတော်မူပြီး ဖြစ်ပေသတည်း။
وَإِنَّ رَبَّكَ هُوَ يَحْشُرُهُمْ ۚ إِنَّهُ حَكِيمٌ عَلِيمٌ
ထိုမှတစ်ပါး အမှန်စင်စစ် အသင်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုအရှင်မြတ် သည်ပင်လျှင် ၎င်းတို့အား (ကိယာမတ်နေ့တွင်) စုရုံးတော်မူပေမည်။ဧကန်မလွဲ ထိုအရှင်မြတ်သည် ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَلَقَدْ خَلَقْنَا الْإِنْسَانَ مِنْ صَلْصَالٍ مِنْ حَمَإٍ مَسْنُونٍ
ထိုမှတစ်ပါး စင်စစ်ဧကန် ငါအရှင်မြတ်သည်လူသားကို ပုံသွင်းပြီဖြစ်သော အသံမြည်သောရွှံ့ပုပ်ခြောက်ဖြင့်ဖန်ဆင်းတော်မူခဲ့လေသည်။
وَالْجَانَّ خَلَقْنَاهُ مِنْ قَبْلُ مِنْ نَارِ السَّمُومِ
၎င်းပြင် ဂျင်(န်)သတ္တဝါကို (လူသားအားဖန်ဆင်းတော်မမူမီ)အလျင်က ပူပြင်းလှစွာသော မီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသတည်း။

Choose other languages: