Quran Apps in many lanuages:

Surah Al-Hijr Ayahs #23 Translated in Burmese

وَالْأَرْضَ مَدَدْنَاهَا وَأَلْقَيْنَا فِيهَا رَوَاسِيَ وَأَنْبَتْنَا فِيهَا مِنْ كُلِّ شَيْءٍ مَوْزُونٍ
၎င်းပြင် ငါအရှင်မြတ်သည် ပထဝီမြေကို ဖြန့်ခင်းတော်မူ၍ ယင်းပထဝီမြေ၌ လေးလံသော တောင်ကြီးများကိုချထားတော်မူလေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်ယင်းပထဝီမြေ၌ ခန့်မှန်း (သတ်မှတ်)ပြီးဖြစ်သော အရာဝတ္ထုတိုင်းကို ပေါက်ရောက် ဖြစ်ထွန်းစေတော်မူခဲ့လေသည်။
وَجَعَلْنَا لَكُمْ فِيهَا مَعَايِشَ وَمَنْ لَسْتُمْ لَهُ بِرَازِقِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုပထဝီမြေ၌အသင် တို့အဖို့လည်းကောင်း၊ အသင်တို့ စားနပ်ရိက္ခာ ထောက်ပံ့ခြင်းမပြုသော သူတို့အဖို့လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းမှုများကို ပြုလုပ် (စီမံ) ထားတော်မူခဲ့လေသတည်း။
وَإِنْ مِنْ شَيْءٍ إِلَّا عِنْدَنَا خَزَائِنُهُ وَمَا نُنَزِّلُهُ إِلَّا بِقَدَرٍ مَعْلُومٍ
စင်စစ်သော်ကား မည်သည့်အရာမျိုးမဆို ငါအရှင်မြတ်အထံတော်၌ ထိုအရာဝတ္ထု၏အစုအပုံများ (ဘဏ္ဍာတော်များ)သည် (အပြည့်)ရှိပေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ထိုအရာဝတ္ထုကို သတ်မှတ်ထားသော အတိုင်းအတာအချိန်အဆနှင့်အညီသာလျှင် ချပေးတော်မူပေသတည်း။
وَأَرْسَلْنَا الرِّيَاحَ لَوَاقِحَ فَأَنْزَلْنَا مِنَ السَّمَاءِ مَاءً فَأَسْقَيْنَاكُمُوهُ وَمَا أَنْتُمْ لَهُ بِخَازِنِينَ
၎င်းပြင် ငါအရှင်မြတ်သည် လေများကိုရေထမ်းလျက် စေလွှတ်တော်မူခဲ့လေသည်။ တဖန် ငါ အရှင်မြတ်သည်မိုးကောင်းကင်မှရေကို ရွာသွန်းစေတော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား ထိုရေကိုတိုက်ကျွေးတော်မူခဲ့လေသည်။ စင်စစ်သော်ကား အသင်တို့သည် ထိုရေကိုစုဆောင်း သိုလှောင်နိုင်ကြသောသူများ မဟုတ်ကြချေ။
وَإِنَّا لَنَحْنُ نُحْيِي وَنُمِيتُ وَنَحْنُ الْوَارِثُونَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ငါအရှင်မြတ် သည်ပင်လျှင်သေစေတော်မူ၏။ ၎င်းအပြင် ငါအရှင် မြတ်သည်ပင်လျှင်အမွေစားအမွေခံ ဖြစ်တော်မူ၏။ (ကျန်ရစ်တော်မူမည့်အရှင်ဖြစ်တော်မူ၏။)

Choose other languages: