Quran Apps in many lanuages:

Surah Al-Hijr Ayahs #15 Translated in Burmese

وَمَا يَأْتِيهِمْ مِنْ رَسُولٍ إِلَّا كَانُوا بِهِ يَسْتَهْزِئُونَ
စင်စစ်သော်ကား ၎င်းတို့ထံ ရစူလ်တမန်တော်တစ်ပါးပါး ရောက်ရှိလာတိုင်း ၎င်းတို့သည် ထိုရစူလ်တမန်တော်အား ပြက်ရယ်သမှု ပြုလေ့ရှိခဲ့ကြသည်သာတည်း။
كَذَٰلِكَ نَسْلُكُهُ فِي قُلُوبِ الْمُجْرِمِينَ
ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သောသူတို့၏ စိတ်နှလုံးများ၌ ယင်း (ပြက်ရယ်သမှုပြုခြင်း)ကို သို့မဟုတ် ယင်းကုရ်အာန်ကို လမ်းဖွင့်၍ပေးတော်မူ၏။(ထည့်သွင်းပေးတော်မူ၏)။
لَا يُؤْمِنُونَ بِهِ ۖ وَقَدْ خَلَتْ سُنَّةُ الْأَوَّلِينَ
(သို့ဖြစ်ပေရာ) ထို (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် ယင်း (ကုရ်အာန်ကျမ်းမြတ်)ကို မယုံကြည်ကြချေ။ အမှန်စင်စစ်သော်ကား ရှေးသူဟောင်းတို့၏အစဉ်အလာသည် လွန်လေပြီး ဖြစ်ပေသတည်း။
وَلَوْ فَتَحْنَا عَلَيْهِمْ بَابًا مِنَ السَّمَاءِ فَظَلُّوا فِيهِ يَعْرُجُونَ
အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် မိုးကောင်းကင်၌ တံခါးပေါက်တစ်ခုခုကို ဖွင့်ပေးတော်မူခဲ့ပါလျှင် ထို့နောက် ၎င်းတို့သည် နေ့ကြောင်တောင်ပင် ထိုတံခါးပေါက်မှ (ဆင်း)တက်(သွားလာ)ကုန်ကြအံ့။
لَقَالُوا إِنَّمَا سُكِّرَتْ أَبْصَارُنَا بَلْ نَحْنُ قَوْمٌ مَسْحُورُونَ
(ထိုသို့သောအခါမျိုး၌လည်း) ၎င်းတို့က ကျွန်ုပ်၏မျက်စိများသည်(လှည့်စား)ပိတ်ပင်ထားခြင်းကို ခံခဲ့ကြရပေသည်။ ထိုမျှမက ကျွန်ုပ်တို့သည် စုန်းပြုစားခြင်းကို ခံခဲ့ကြရသောလူစုပင် ဖြစ်ကြပေသည်ဟု ပြောဆိုကြမည်မှာ အမှန်ပင်။

Choose other languages: