Quran Apps in many lanuages:

Surah Al-Hashr Ayahs #24 Translated in Burmese

لَوْ أَنْزَلْنَا هَٰذَا الْقُرْآنَ عَلَىٰ جَبَلٍ لَرَأَيْتَهُ خَاشِعًا مُتَصَدِّعًا مِنْ خَشْيَةِ اللَّهِ ۚ وَتِلْكَ الْأَمْثَالُ نَضْرِبُهَا لِلنَّاسِ لَعَلَّهُمْ يَتَفَكَّرُونَ
အကယ်၍သာ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်ကို တစ်စုံတစ်ခုသော တောင်ပေါ်၌ ချပေးတော်မူခဲ့ပါလျှင် အသင်သည် ထိုတောင်ကို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောကြောင့် နိမ့်ကျလျက်၊ အပိုင်းပိုင်းဖြစ်လျက်၊ ရှိသည်ကို အမှန်ပင် တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် လူတို့ သုံးသပ်ဆင်ခြင် စဉ်းစားကြအံ့သောငှာ ယင်းဥပမာပုံဆောင်ချက်များကို ခိုင်းနှိုင်းဖော်ပြတော်မူ၏။
هُوَ اللَّهُ الَّذِي لَا إِلَٰهَ إِلَّا هُوَ ۖ عَالِمُ الْغَيْبِ وَالشَّهَادَةِ ۖ هُوَ الرَّحْمَٰنُ الرَّحِيمُ
ထိုအရှင်မြတ်သည်ပင် အကြင် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ခယရိုကျိုး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် မဟာကရုဏာတော်ရှင်၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
هُوَ اللَّهُ الَّذِي لَا إِلَٰهَ إِلَّا هُوَ الْمَلِكُ الْقُدُّوسُ السَّلَامُ الْمُؤْمِنُ الْمُهَيْمِنُ الْعَزِيزُ الْجَبَّارُ الْمُتَكَبِّرُ ۚ سُبْحَانَ اللَّهِ عَمَّا يُشْرِكُونَ
ထိုအရှင်မြတ်သည်ပင် အကြင် အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ခယရိုကျိုး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ စိုးမိုး အုပ်ချုပ်တော်မူသောဘုရင်၊ စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူသော အရှင်၊ ချွတ်ယွင်းချက်တို့မှ ကင်းစင်စေတော်မူသောအရှင်၊ ငြိမ်းချမ်းမှုပေးတော်မူသောအရှင်၊ ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင်၊ ခန့်ညားတော်မူသောအရှင်၊ ဩဇာအာဏာလွှမ်းမိုးတော် မူသောအရှင်၊ ဂုဏ်သိက္ခာ ကြီးကဲမြင့်မြတ်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက် နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ စင်ကြယ် သန့်ရှင်းတော်မူဘိ၏။
هُوَ اللَّهُ الْخَالِقُ الْبَارِئُ الْمُصَوِّرُ ۖ لَهُ الْأَسْمَاءُ الْحُسْنَىٰ ۚ يُسَبِّحُ لَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ وَهُوَ الْعَزِيزُ الْحَكِيمُ
ထိုအရှင်မြတ်သည်ပင် ဖန်ဆင်းတော်မူသော အကောင်အထည်ဖော်တော်မူသော (မရှိရာမှ ရှိအောင် ပြုလုပ်ဖန်ဆင်းတော်မူသော)ပုံသဏ္ဌာန်ပြုလုပ်တော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ ကောင်းမြတ်လှစွာသော နာမံဂုဏ်တော်များ ရှိကုန်၏။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူ ကြောင်းကို မြွက်ဆိုလျှက်ရှိကြကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် လွန်စွာခန့်ညားတော်မူသောအရှင်၊ သိမ်မွေ့လှစွာသော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: