Quran Apps in many lanuages:

Surah Al-Hajj Ayahs #12 Translated in Burmese

وَمِنَ النَّاسِ مَنْ يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُنِيرٍ
စင်စစ် လူတို့တွင် အသိပညာ လုံးဝမရှိဘဲလျက်လည်းကောင်း၊ မည်သည့်သက်သေထင်ရှား တင်ပြချက်မျှမရှိဘဲလျက်လည်းကောင်း၊ မည်သည့်ရှင်းလင်းစေသော ကျမ်းဂန်မျှမရှိဘဲလျက်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုတတ်သူလည်း ရှိပေသည်။
ثَانِيَ عِطْفِهِ لِيُضِلَّ عَنْ سَبِيلِ اللَّهِ ۖ لَهُ فِي الدُّنْيَا خِزْيٌ ۖ وَنُذِيقُهُ يَوْمَ الْقِيَامَةِ عَذَابَ الْحَرِيقِ
(မာန်မာနထောင်လွှားကာ)မိမိလည်ပင်းကိုလိမ်လျက်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင် မြတ်၏လမ်းတော်မှလွဲမှားစေခြင်းငှာ ထိုသူ၌ (ဤ) ပစ္စုပ္ပန်လောကတွင်လည်း ကျိုးယုတ်ရှက်ရဖြစ်ခြင်းသည်ရှိ၏။ ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်လည်း ငါအရှင်မြတ်သည် ထိုသူအား (ကျွမ်းလောင်စေသောငရဲ)မီး၏ ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်ဖြစ်ပေသည်။
ذَٰلِكَ بِمَا قَدَّمَتْ يَدَاكَ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِلْعَبِيدِ
ဤသို့ဖြစ်ရခြင်းမှာ အသင်၏လက်နှစ်ဖက်သည် တင်ကူး၍ပို့ခဲ့သော(ပြစ်မှုဒုစရိုက်များ)ကြောင့်ပင်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)ကျွန်များအားနှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပြီ။
وَمِنَ النَّاسِ مَنْ يَعْبُدُ اللَّهَ عَلَىٰ حَرْفٍ ۖ فَإِنْ أَصَابَهُ خَيْرٌ اطْمَأَنَّ بِهِ ۖ وَإِنْ أَصَابَتْهُ فِتْنَةٌ انْقَلَبَ عَلَىٰ وَجْهِهِ خَسِرَ الدُّنْيَا وَالْآخِرَةَ ۚ ذَٰلِكَ هُوَ الْخُسْرَانُ الْمُبِينُ
၎င်းပြင် လူတို့တွင် ဘေးအစွန်းဖျား၌(ရပ်တည်၍)အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သူ လည်းရှိပေသည်။ တစ်ဖန် အကယ်၍ ထိုသူ၌အကျိုးကျေးဇူး တစ်စုံတစ်ရာသက်ရောက်ခဲ့သည်ရှိသော် ထိုသူသည် ထိုအခြေအနေကို နှစ်သိမ့်ကျေနပ်ခဲ့လေသည်။ သို့ရာတွင် အကယ်၍ ထိုသူ၌စမ်းသပ်မှု တစ်စုံတစ်ရာသက်ရောက်ခဲ့မှု ထိုသူသည် မိမိမျက်နှာလှည့်၍ ပြန်သွားခဲ့လေသည်။ ထိုသူသည် (ဤ)ပစ္စက္ခ လောကီဘဝကိုလည်းကောင်း၊ နောင်တမလွန်ဘဝကို လည်းကောင်း၊(နှစ်ခုစလုံးကိုပင်)လက်လွတ်ဆုံးရှုံးခဲ့လေသည်။ ဤသည်ထင်ရှားသော ပျက်စီးဆုံးရှုံးမှုပင်တည်း။
يَدْعُو مِنْ دُونِ اللَّهِ مَا لَا يَضُرُّهُ وَمَا لَا يَنْفَعُهُ ۚ ذَٰلِكَ هُوَ الضَّلَالُ الْبَعِيدُ
(စင်စစ်သော်ကား) ထိုသူသည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ မိမိအားအကျိုးယုတ်စေနိုင်ခြင်း မရှိသောအရာကိုလည်းကောင်း၊ မိမိအားအကျိုး ဖြစ်ထွန်းစေနိုင်ခြင်း မရှိသောအရာကိုလည်းကောင်း၊ ဟစ်ခေါ်လျက်ရှိပေသည်။ ဤကား (အမှန်တရားနှင့်) အလွန်ဝေးလံသော လမ်းမှားခြင်းပင်။

Choose other languages: