Quran Apps in many lanuages:

Surah Al-Hajj Ayahs #70 Translated in Burmese

وَهُوَ الَّذِي أَحْيَاكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۗ إِنَّ الْإِنْسَانَ لَكَفُورٌ
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား အသက်ရှင်ခြင်းကို ချီးမြှင့်တော်မူခဲ့သောအရှင် ဖြစ်တော်မူသည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသက်သေစေတော်မူမည်။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသက်ရှင်စေတော်မူမည်ဖြစ်သည်။ ဧကန်မလွဲ လူသားသည် အလွန်တရာကျေးဇူးကန်သူ အမှန်ပင် ဖြစ်ချေသတည်း။
لِكُلِّ أُمَّةٍ جَعَلْنَا مَنْسَكًا هُمْ نَاسِكُوهُ ۖ فَلَا يُنَازِعُنَّكَ فِي الْأَمْرِ ۚ وَادْعُ إِلَىٰ رَبِّكَ ۖ إِنَّكَ لَعَلَىٰ هُدًى مُسْتَقِيمٍ
ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ (ကိုးကွယ်ဆည်းကပ်ရန်) ပညတ်တရားတစ်ခုကို သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့ရာ ၎င်းတို့သည် ယင်းပညတ်တရားနှင့်အညီ ကိုးကွယ်ဆည်းကပ် လိုက်နာသူများ ဖြစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ (ဤသူတို့သည်) ယင်းအရေးကိစ္စ၌ အသင်နှင့် ငြင်းခုံခြင်းကို မပြုကြရချေ။ ၎င်းပြင် အသင်သည်(လည်း)မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ (၎င်းတို့အား)ဖိတ်ခေါ်လျက်ရှိပါလေ။ ဧကန်မလွဲ အသင်သည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ပေါ်၌ တည်ရှိပေသည်။
وَإِنْ جَادَلُوكَ فَقُلِ اللَّهُ أَعْلَمُ بِمَا تَعْمَلُونَ
အကယ်၍ ၎င်းတို့သည် အသင်နှင့် အငြင်းအခုံပြုခဲ့ကြသည်ရှိသော် အသင်သည်(၎င်းတို့အား ဤ သို့)ပြောဆိုပြန်ကြားပါလေ။ (အချင်းတို့၊ ဧကန်စင်စစ်) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အပြုအမူတို့ကို ကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
اللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ فِيمَا كُنْتُمْ فِيهِ تَخْتَلِفُونَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကြားဝယ် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ကွဲလွဲလျက်ရှိခဲ့ကြသော အရေးကိစ္စများနှင့်စပ်လျဉ်း၍ (လက်တွေ့)စီရင်ဆုံး ဖြတ်တော်မူအံ့သတည်း။
أَلَمْ تَعْلَمْ أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاءِ وَالْأَرْضِ ۗ إِنَّ ذَٰلِكَ فِي كِتَابٍ ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိရှိတော်မူသည်ကို အသင်မသိလေသလော။ ဧကန်စင်စစ် ထို(အရာများ)သည် မှတ်တမ်းတွင်ရှိပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်အဖို့ ယင်း(အဆုံးအဖြတ်)ကား လွယ်ကူလှပေသတည်း။

Choose other languages: