Quran Apps in many lanuages:

Surah Al-Furqan Ayahs #40 Translated in Burmese

فَقُلْنَا اذْهَبَا إِلَى الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا فَدَمَّرْنَاهُمْ تَدْمِيرًا
ထို့နောက် ငါအရှင်မြတ်သည်(၎င်းတို့နှစ်ပါးအား) အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်သော အမျိုးသားတို့ထံ သွားကြလေကုန်ဟု မိန့်ကြားတော်မူခဲ့၏။ (ထိုအခါ ၎င်းတို့နှစ်ပါးသည် ထိုအမျိုးသားတို့ထံ သွားရောက်၍ သာသနာပြုခဲ့ကြသော်လည်း ၎င်းတို့သည် ယုံကြည်လက်ခံခြင်း မပြုဘဲ ငြင်းပယ်ခဲ့ကြလေသည်)။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအမျိုးသားတို့အား လုံးဝဖျက်ဆီးတော်မူခဲ့၏။
وَقَوْمَ نُوحٍ لَمَّا كَذَّبُوا الرُّسُلَ أَغْرَقْنَاهُمْ وَجَعَلْنَاهُمْ لِلنَّاسِ آيَةً ۖ وَأَعْتَدْنَا لِلظَّالِمِينَ عَذَابًا أَلِيمًا
ထိုနည်းတူစွာ နူဟ်၏ အမျိုးသားတို့အား ၎င်းတို့သည် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အားလည်း နစ်မြုပ်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား လူခပ်သိမ်းတို့အဖို့ သက်သေလက္ခဏာ တစ်ရပ်ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် မတော်မတရား ပြုလုပ်သောသူတို့အဖို့ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို အဆင်သင့် ပြုလုပ်၍ ထားရှိတော်မူသည်။
وَعَادًا وَثَمُودَ وَأَصْحَابَ الرَّسِّ وَقُرُونًا بَيْنَ ذَٰلِكَ كَثِيرًا
ထိုမှတစ်ပါး အာဒ်အမျိုးသားတို့အားလည်းကောင်း၊ ဆမူဒ်အမျိုးသားတို့အားလည်းကောင်း၊ "ရတ်စ္စ" မြို့ သားတို့အားလည်းကောင်း၊ ၎င်းတို့အကြား၌ မြောက်မြားစွာသော မျိုးနွယ်တို့အားလည်းကောင်း၊ (ငါအရှင်မြတ်သည် ဖျက်ဆီးတော်မူခဲ့၏။)
وَكُلًّا ضَرَبْنَا لَهُ الْأَمْثَالَ ۖ وَكُلًّا تَبَّرْنَا تَتْبِيرًا
စင်စစ် ငါအရှင်မြတ်သည် (ထိုထိုသော အမျိုးသားတို့အနက်) အသီးသီးတို့၏အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကို ခိုင်းနှိုင်းတော်မူခဲ့၏။ (သို့ပါလျက် ၎င်းတို့သည် မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ခဲ့ကြ၏၊) ထိုအခါ ငါအရှင်မြတ်သည် အသီးသီးတို့အား လုံးဝ ဖျက်ဆီးတော်မူခဲ့၏။
وَلَقَدْ أَتَوْا عَلَى الْقَرْيَةِ الَّتِي أُمْطِرَتْ مَطَرَ السَّوْءِ ۚ أَفَلَمْ يَكُونُوا يَرَوْنَهَا ۚ بَلْ كَانُوا لَا يَرْجُونَ نُشُورًا
စင်စစ်သော်ကား ၎င်းတို့သည်(မက္ကာမြို့သား ကာဖိရ်များသည်) အလွန်ဆိုးရွားသော မိုးရွာသွန်းစေခြင်းကို ခံခဲ့ရသောမြို့ရွာသို့ ဧကန်အမှန် ရောက်ရှိခဲ့ကြကုန်၏။ သို့ပါလျက် ၎င်းတို့သည် ယင်း(ပြစ်ဒဏ်၏အမှတ်လက္ခဏာများ)ကို မမြင်ခဲ့ကြလေသလော။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာမူကား ၎င်းတို့သည် ရှင်ပြန်ထခြင်းကို ဖြစ်ရန်လက္ခဏာရှိသည် ဟူ၍ပင် မမျှော်လင့်ကြပေ။

Choose other languages: