Quran Apps in many lanuages:

Surah Al-Burooj Ayahs #13 Translated in Burmese

الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု အာဏာသည် ထိုအလ္လာဟ်အရှင်မြတ်၌သာ ရှိပေသည်။
إِنَّ الَّذِينَ فَتَنُوا الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ثُمَّ لَمْ يَتُوبُوا فَلَهُمْ عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ الْحَرِيقِ
ဧကန်မလွဲ အကြင်သူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ယောက်ျားတို့အား လည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော မိန်းမတို့အားလည်းကောင်း၊ နှိပ်စက်ညှဉ်းပမ်းခဲ့ကြ၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခြင်း မပြုခဲ့ကြပေ။ ထိုသူတို့၌ "ဂျဟန္နမ်" ငရဲ၏ပြစ်ဒဏ် သည် (အထူးသဖြင့်) မီးလောင်ကျွမ်းခြင်း၏ပြစ်ဒဏ်သည် ရှိချေသတည်း။
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ ذَٰلِكَ الْفَوْزُ الْكَبِيرُ
ဧကန်မုချ "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့ အကြင်ဥယျာဉ်များသည် ရှိပေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းချောင်းများသည် စီးတွေလျက်ရှိပေသည်။ ဤသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။
إِنَّ بَطْشَ رَبِّكَ لَشَدِيدٌ
မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဖမ်းဆီးမှု၊ (အရေးယူ)မှုသည် အမှန်ပင် ပြင်းထန်လှပေသည်။
إِنَّهُ هُوَ يُبْدِئُ وَيُعِيدُ
ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် (ပထမအကြိမ်) စတင်ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည်သာလျှင်(ဒုတိယအကြိမ်)ပြန်လည် ဖန်ဆင်းတော်မူပေမည်။

Choose other languages: