Quran Apps in many lanuages:

Surah Al-Bayyina Ayahs #8 Translated in Burmese

إِنَّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ فِي نَارِ جَهَنَّمَ خَالِدِينَ فِيهَا ۚ أُولَٰئِكَ هُمْ شَرُّ الْبَرِيَّةِ
ရှေးအထက်ကျမ်းဂန် ရရှိသူတို့အနက်မှလည်းကောင်း၊ "မွရှ်ရစ်က်" တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်သူတို့အနက်မှလည်း ကောင်း၊ သွေဖည် ငြင်းငြင်းပယ်ခဲ့ကြကုန်သော သူတို့မှာ ဧကန်အမှန် ဂျဟန္နမ်ငရဲ၏ မီးထဲသို့ အမြဲထာဝစဉ် နေထိုင် ခံစားကြရသူများအဖြစ် လားကြရပေမည်။ ထိုသူတို့ကား အဖန်ဆင်းခံတို့တွင် အဆိုးဆုံးသောသူများပင် ဖြစ်ကြကုန်၏။
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ هُمْ خَيْرُ الْبَرِيَّةِ
အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့မှာမူကား ဧကန်မလွဲ အဖန်ဆင်းခံတို့တွင် အကောင်းဆုံးသောသူများပင် ဖြစ်ကြကုန်၏။
جَزَاؤُهُمْ عِنْدَ رَبِّهِمْ جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ ذَٰلِكَ لِمَنْ خَشِيَ رَبَّهُ
၎င်းတို့၏အကျိုးကား ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ထံတော်၌ ထာဝစဉ် နေထိုင်ကြရမည့် ဥယျာဉ်များပင် ဖြစ်ကြကုန်၏။ ထိုဥယျာဉ်များ၏အောက်မှ ရေချောင်းများသည် တသွင်သွင် စီးတွေလျက် ရှိကြပေမည်။(၎င်းတို့သည်)ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင် စံမြန်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့အပေါ်၌ ကျေနပ်တော်မူမည်။ ၎င်းတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ကြပေမည်။ ဤ(အကျိုးကျေးဇူး)သည်ကား မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့သော(သူတော်စင်)၏အဖို့သာလျှင် ဖြစ်အံ့သတည်း။

Choose other languages: