Quran Apps in many lanuages:

Surah Al-Bayyina Ayahs #7 Translated in Burmese

فِيهَا كُتُبٌ قَيِّمَةٌ
ယင်းကျမ်းစာများမှာ မှန်ကန်သောအကြောင်းအရာများ ရေးသားပါရှိသောကျမ်းစာများပင်ဖြစ်သည်။
وَمَا تَفَرَّقَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَةُ
သို့ရာတွင် ရှေးအထက်ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့မှာ ၎င်းတို့ထံ ထင်ရှားစွာ သက်သေသာဓက ရောက်ရှိလာပြီး နောက်သော်မှပင် (သာသနာတော်နှင့်စပ်လျဉ်း၍) ကွဲလွဲခဲ့ကြကုန်လေသည်။
وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَيُؤْتُوا الزَّكَاةَ ۚ وَذَٰلِكَ دِينُ الْقَيِّمَةِ
စင်စစ်သော်ကား ထိုသူတို့သည် ဆည်းကပ် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အားသာလျှင် ရည်စူး၍ သန့်သန့်ပြုကြလျက် (မမှန်ကန်သော ဘာသာဝါဒ အသီးသီးတို့ကို နဗီတမန်တော်အီဗ်ရာဟီမ်နည်းတူ စွန့်ကာ အလ္လာဟ်အရှင်မြတ်ဖက်သို့သာလျှင်) အာရုံစူးစိုက်ကြလျက် ထိုအရှင်မြတ်အား ကိုးကွယ်ဆည်းကပ်ကြရန်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ကြရန်လည်းကောင်း၊ အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရသည်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည်မဟုတ်ပေ။ အမှန်သော်ကား ဤသည်သာလျှင် မှန်ကန်သူတို့၏လမ်းစဉ်တည်း။ (မှန်ကန်သောအကြောင်းများ၏ လမ်းစဉ်ပင်၊ တရားပင်၊ သာသနာပင်)။
إِنَّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ فِي نَارِ جَهَنَّمَ خَالِدِينَ فِيهَا ۚ أُولَٰئِكَ هُمْ شَرُّ الْبَرِيَّةِ
ရှေးအထက်ကျမ်းဂန် ရရှိသူတို့အနက်မှလည်းကောင်း၊ "မွရှ်ရစ်က်" တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်သူတို့အနက်မှလည်း ကောင်း၊ သွေဖည် ငြင်းငြင်းပယ်ခဲ့ကြကုန်သော သူတို့မှာ ဧကန်အမှန် ဂျဟန္နမ်ငရဲ၏ မီးထဲသို့ အမြဲထာဝစဉ် နေထိုင် ခံစားကြရသူများအဖြစ် လားကြရပေမည်။ ထိုသူတို့ကား အဖန်ဆင်းခံတို့တွင် အဆိုးဆုံးသောသူများပင် ဖြစ်ကြကုန်၏။
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ هُمْ خَيْرُ الْبَرِيَّةِ
အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့မှာမူကား ဧကန်မလွဲ အဖန်ဆင်းခံတို့တွင် အကောင်းဆုံးသောသူများပင် ဖြစ်ကြကုန်၏။

Choose other languages: