Quran Apps in many lanuages:

Surah Al-Baqara Ayahs #219 Translated in Burmese

يَسْأَلُونَكَ مَاذَا يُنْفِقُونَ ۖ قُلْ مَا أَنْفَقْتُمْ مِنْ خَيْرٍ فَلِلْوَالِدَيْنِ وَالْأَقْرَبِينَ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
(အို-နဗီတမန်တော်)အချို့သောသူများသည်(ကု သိုလ်အကျိုးငှာ)မည်သည့်အရာဝတ္ထုကို(မည်သည့်နေရာ၌)လှူဒါန်း ပေးကမ်း သုံးစွဲကြရပါမည်နည်းဟု အသင့်ကိုမေးမြန်း ကြရာ အသင်သည် (ယင်းသူတို့အား) အသင်တို့သည် (မိမိတို့နှစ် သက်ရာကို) ပေးကမ်းလှူဒါန်းနိုင်ကြပေသည်။ သို့ရာတွင် မိဘ နှစ်ပါးတို့အဖို့လည်းကောင်း၊ ဆွေမျိုးနီးစပ်သောသူတို့ အဖို့ လည်းကောင်း၊ ဖသက်ဆိုးတို့အဖို့လည်းကောင်း၊ သူဆင်း ရဲတို့ အဖို့လည်းကောင်း၊ ခရီးသည်အာဂန္တု (များ)အဖို့လည်းကောင်း (သုံးစွဲ လှူဒါန်းခြင်းသည် ပိုမိုသင့်မြတ်လှပေသည်)။ အမှန်စင်စစ် အသင်တို့သည် မည်သည့်ကောင်းမှုကုသိုလ်မျိုးကိုမဆိုပြုလုပ် ကြပါမူ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ထိုပြုလုပ်သမျှ သော ကောင်းမှုကုသိုလ်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူသည် ဟု ဖြေကြားပါလေ။
كُتِبَ عَلَيْكُمُ الْقِتَالُ وَهُوَ كُرْهٌ لَكُمْ ۖ وَعَسَىٰ أَنْ تَكْرَهُوا شَيْئًا وَهُوَ خَيْرٌ لَكُمْ ۖ وَعَسَىٰ أَنْ تُحِبُّوا شَيْئًا وَهُوَ شَرٌّ لَكُمْ ۗ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
(အို-မုအ်မင်န်အပေါင်းတို့)အသင်တို့ အပေါ် ဝယ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် ဖရဿ် ပြဋ္ဌာန်းပြီး ဖြစ်ချေပြီ။ အမှန်စင်စစ် ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း သည် အသင်တို့အဖို့ (သဘာဝအလျောက်) ရွံရှာစက်ဆုပ် (ဝန်�ေး)ဘွယ်ရာပင် ဖြစ်ချေသည်။ သို့ရာတွင် အသင်တို့သည် တစ်စုံတစ်ရာကို ရွံရှာစက်ဆုပ်သော်လည်း စင်စစ်မှာ ထိုအရာ သည် အသင်တို့အဖို့ အကောင်းဖြစ်တန်ရာ၏။ ထိုနည်း တူပင် အသင်တို့သည် တစ်စုံတစ်ရာကို နှစ်သက် သော်လည်း စင်စစ် မှာ ထိုအရာသည် အသင်တို့အဖို့ အဆိုးဖြစ်တန်ရာသည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ် သည်သာလျှင် (အကောင်း နှင့်အဆိုးကို တပ်အပ်သေချာစွာ)သိရှိတော်မူ၏။ အသင်တို့မူ ကား (တစ်စုံတစ်ရာကိုမျှ တိကျသေချာစွာ) သိနားလည်ကြ သည် မဟုတ်ကြချေ။
يَسْأَلُونَكَ عَنِ الشَّهْرِ الْحَرَامِ قِتَالٍ فِيهِ ۖ قُلْ قِتَالٌ فِيهِ كَبِيرٌ ۖ وَصَدٌّ عَنْ سَبِيلِ اللَّهِ وَكُفْرٌ بِهِ وَالْمَسْجِدِ الْحَرَامِ وَإِخْرَاجُ أَهْلِهِ مِنْهُ أَكْبَرُ عِنْدَ اللَّهِ ۚ وَالْفِتْنَةُ أَكْبَرُ مِنَ الْقَتْلِ ۗ وَلَا يَزَالُونَ يُقَاتِلُونَكُمْ حَتَّىٰ يَرُدُّوكُمْ عَنْ دِينِكُمْ إِنِ اسْتَطَاعُوا ۚ وَمَنْ يَرْتَدِدْ مِنْكُمْ عَنْ دِينِهِ فَيَمُتْ وَهُوَ كَافِرٌ فَأُولَٰئِكَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
(အို-နဗီတမန်တော်)ထိုသူတို့သည် ရိုသေလေး စား အပ်သောလမြတ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း နှင့်စပ် လျဉ်း၍ အသင့်ကို (လာရောက်) မေးမြန်းကြရာ အသင် သည် အချင်းတို့) ထိုလမြတ်၌ (သိလျက်နှင့် ပင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းသည် ကြီးလေးသော အပြစ်ပင် ဖြစ်ချေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ (သာသနာ့)လမ်းတော်မှ ပိတ်ပင်တားဆီးခြင်းသည်လည်း ကောင်း၊ ထိုအရှင်မြတ်အား မယုံမကြည် သွေဖည်ငြင်းပယ် ခြင်းသည်လည်းကောင်း၊ ရိုသေလေးစားအပ်သော (အလ္လာဟ် အရှင်မြတ်၏) ဗလီကျောင်း တော်မှ (ဖူးမျှော်ရန်လာသောသူ များကို) တားဆီး ပိတ်ပင်ခြင်းသည်လည်းကောင်း၊ ထိုဗလီ ကျောင်းတော်၌ မှီတင်းနေထိုင်ကြသော သူတို့ကို ယင်းဗလီ ကျောင်းတော်မှ နှင်ထုတ်ခြင်းသည် လည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏ အထံတော်၌ သာလွန်၍ ကြီးလေးသောအပြစ်ပင် ဖြစ်ချေသည်။ ထိုနည်းတူစွာ (သာသနာရေး၌) ညှဉ်းပန်းနှိပ် စက်ကလူပြုခြင်းသည်လည်း (ထို)သတ်ဖြတ်ခြင်းထက်ပင် သာလွန်၍ ကြီးလေးသော အပြစ်ကြီးတစ်ရပ်ဖြစ်ပေသည် ဟု အသင်ဖြေကြားပါလေ။ (အို-မုအ်မင်န်အပေါင်းတို့) စင်စစ် �မူကား၊ အကယ်၍သာ ယင်း(ကာဖိရ်)တို့ တတ်စွမ်းနိုင်ကြပါမူ အသင်တို့ (သက်ဝင်ယုံကြည်လျက်ရှိသောအစ္စလာမ်) သာသ နာတော်ကို စွန့်လွှတ်ကြရန်အတွက် အစဉ်မပြတ် အသင်တို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်လတ္တံ့။ ပြီးနောက် အသင်တို့အနက် အကြင်သူ(တို့)သည် မိမိတို့ (သက်ဝင်ယုံကြည်သောအစ္စလာမ်) သာသနာတော်မှ ဖောက်ပြန်၍ ကာဖိရ် အဖြစ်နှင့် သေဆုံး ကြအံ့၊ ထိုသူတို့၏ အကျင့်သီလဟူသရွေ့တို့သည် ဤပစ္စုပ္ပန် ဘဝနှင့် နောင်တမလွန်ဘဝ နှစ်ဌာနလုံး၌ပင် အချည်းနှီး အကျိုးမဲ့ ဖြစ်ကြချေ၏။ ဤသူများသည် ငရဲသားများဖြစ်ကြ၏။ ၎င်းတို့သည် ထိုငရဲတွင် အမြဲခံစားကြရမည့်သူများပင်တည်း။
إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ أُولَٰئِكَ يَرْجُونَ رَحْمَتَ اللَّهِ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
ဧကန်မုချ အကြင်သူတို့သည်အီမာန် ယုံကြည် ခြင်းသဒ္ဓါတရားထားရှိကြ၏။ ထို့ပြင် အကြင်သူတို့သည် (မိမိတို့ ၏နေရင်းဌာနများကိုပင်) စွန့်၍ ထွက်ခွာသွားကြကုန်၏။ ထို့ပြင် ယင်းသူတို့သည် ဂျိဟာဒ် အလ္လာဟ် အရှင်မြတ်၏ လမ်း၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြကုန်၏။ ဤသူများ သည်ပင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မြှော်လင့် တောင့်တကြကုန်သည်။ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ် သည် အကြိမ်ကြိမ် အဖန်ဖန် ချမ်းသာခွင့် ပေးသနား တော်မူ သောအရှင်၊ အစဉ်မပြတ် သနားကြင်နာတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
يَسْأَلُونَكَ عَنِ الْخَمْرِ وَالْمَيْسِرِ ۖ قُلْ فِيهِمَا إِثْمٌ كَبِيرٌ وَمَنَافِعُ لِلنَّاسِ وَإِثْمُهُمَا أَكْبَرُ مِنْ نَفْعِهِمَا ۗ وَيَسْأَلُونَكَ مَاذَا يُنْفِقُونَ قُلِ الْعَفْوَ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ
(အို-နဗီတမန်တော်) အချို့သောသူတို့သည် သုရာမေရယ အရက်သေစာနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လောင်းတမ်းကစားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသင့် ထံ(လာရောက်)မေးမြန်းကြလေသည်။ အသင်သည် (ယင်းသူ တို့အား အို-အချင်းတို့) ထို (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်း)နှစ်မျိုးလုံးတို့၌ ကြီးလေးသောအပြစ် များသည်လည်းရှိ၏။ လူတို့အဘို့ရာ(အနည်းငယ်သော) အကျိုးကျေးဇူးများသည်လည်းရှိ၏။ သို့ရာတွင် ယင်းအမှု နှစ်မျိုးလုံး ၏အပြစ်များသည် ထိုအမှုနှစ်မျိုးလုံး၏ အကျိုးကျေး ဇူးထက် အလွန်ကြီးလေးပေသည်ဟု ဖြေကြားပါလေ။ ထို မှတစ်ပါးတုံ ယင်းသူတို့သည်(ကုသိုလ်အကျိုးငှာ)မည်မျှလောက် သော ဝတ္ထုပစ္စည်းများကို ပေးကမ်း လှူဒါန်း ရပါမည် နည်း ဟုအသင့်ထံ လာရောက်မေးမြန်းကြပြန်ရာ အသင်သည်(ယင်း သူတို့အား အို-အချင်းတို့ အသင်တို့သည် မိမိတို့အဖို့ လိုအပ် သည်ထက်) ပိုလျှံသောပစ္စည်းများ (အနက်မှ စွမ်းအား ရှိသမျှကို ပေးကမ်းလှူဒါန်းနိုင်ကြသည်) ဟုဖြေကြား ပါလေ။ အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့ပင် ဒေသနာ တော်များကို အသင်တို့အားလိုက် နာကျင့်ဆောင်နိုင်ကြရန် ရှင်းလင်းထင်ရှားစွာ မိန့်ကြားတော်မူသည်။ သို့မှသာလျှင် အသင်တို့သည်(လောကီနှင့်လော ကုတ္တ ရာရေး တို့ကိုကောင်း စွာ)စဉ်းစားဆင်ခြင်ကြ တန်ရာသတည်း။

Choose other languages: