Quran Apps in many lanuages:

Surah Al-Araf Ayahs #54 Translated in Burmese

وَنَادَىٰ أَصْحَابُ النَّارِ أَصْحَابَ الْجَنَّةِ أَنْ أَفِيضُوا عَلَيْنَا مِنَ الْمَاءِ أَوْ مِمَّا رَزَقَكُمُ اللَّهُ ۚ قَالُوا إِنَّ اللَّهَ حَرَّمَهُمَا عَلَى الْكَافِرِينَ
၎င်းပြင် ငရဲသားတို့သည် ဂျန္နတ် အမတသုခဘုံသားတို့အား အသင်တို့သည် ကျွန်ုပ်တို့အပေါ် ရေအနည်းငယ်မျှကိုသော်လည်းကောင်း၊ အလ္လာဟ် အရှင်မြတ်ကအသင်တို့အား ချီးမြှင့်ပေးသနား တော်မူသောစားသောက်ဖွယ်အချို့ကိုသော်လည်းကောင်း၊ ပေးသနားကြပါ ဟု ဟစ်အော်တောင်းခံကြလတ္တံ့။ ထိုအခါ ယင်း(ဂျန္နတ်အမတသုခဘုံသား)တို့က ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ထို (ရေနှင့်စားသောက်ဖွယ်) နှစ်ခုလုံးကိုပင် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သူတို့အပေါ် ဟရာမ် ဟူ၍ တားမြစ်ထားတော်မူသည်ဟု ဖြေကြားကြကုန်အံ့။
الَّذِينَ اتَّخَذُوا دِينَهُمْ لَهْوًا وَلَعِبًا وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا ۚ فَالْيَوْمَ نَنْسَاهُمْ كَمَا نَسُوا لِقَاءَ يَوْمِهِمْ هَٰذَا وَمَا كَانُوا بِآيَاتِنَا يَجْحَدُونَ
အကြင် (ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်)သူတို့သည် မိမိတို့ ယုံကြည်လိုက်နာကြရမည် ဖြစ်သော) ဒီန်သာသနာတော်ကို ပျော်ရွှင်ဖွယ်ရာနှင့် ကစားစရာများ ပြုလုပ်ခဲ့ကြကုန်၏။ ၎င်းပြင် ပစ္စုပ္ပန်လောကီဘဝ၌ အသက်ရှင်ခြင်းသည် ထိုသူအား ဖြားယောင်းခဲ့လေသည်။ သို့ဖြစ်ပေရာ ယနေ့မူကား ထိုသူတို့သည် ဤ(ကိယာမတ်ခေါ်ရှင်ပြန်ထရမည့်) နေ့နှင့် ကြုံကြိုက်သည်ကို မေ့ပျောက်ခဲ့ကြဘိသကဲ့သို့လည်းကောင်း၊ငါအရှင်မြတ်၏ဒေသနာတော်များကို ငြင်းပယ်ခဲ့ ကြဘိသကဲ့သို့လည်းကောင်း၊ ငါအရှင်မြတ်သည်လည်း ထိုသူတို့အား မေ့ပစ်ထားတော်မူအံ့။
وَلَقَدْ جِئْنَاهُمْ بِكِتَابٍ فَصَّلْنَاهُ عَلَىٰ عِلْمٍ هُدًى وَرَحْمَةً لِقَوْمٍ يُؤْمِنُونَ
ဧကန်အမှန် ငါအရှင်မြတ်သည် ထိုသူတို့ထံ(အကြင်ကုရ်အာန်)ကျမ်းတော်မြတ်ကို ပို့တော် မူခဲ့လေသည်။ငါအရှင်မြတ်သည် ထိုကျမ်းဂန်ကို (မိမိ) ဉာဏ်တော်ဖြင့် ရှင်းလင်းဖော်ပြ တော်မူခဲ့သည်။ (ထိုကျမ်းဂန်သည်) အီမာန်သက်ဝင်ယုံကြည်သော မုအ်မင်န်များအဖို့ တရားလမ်းညွှန် လည်းဖြစ်သည်။ ကရုဏာတော်လည်း ဖြစ်သည်။
هَلْ يَنْظُرُونَ إِلَّا تَأْوِيلَهُ ۚ يَوْمَ يَأْتِي تَأْوِيلُهُ يَقُولُ الَّذِينَ نَسُوهُ مِنْ قَبْلُ قَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ فَهَلْ لَنَا مِنْ شُفَعَاءَ فَيَشْفَعُوا لَنَا أَوْ نُرَدُّ فَنَعْمَلَ غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ قَدْ خَسِرُوا أَنْفُسَهُمْ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
း53| ၎င်းတို့သည် ထို(ကုရ်အာန်)ကျမ်း(လာအမိန့်တော်)၏ နောက်ဆုံးအကျိုးကိုသာလျှင် စောင့်မျှော် လျက်ရှိကြကုန်သည်။ ထို(ကုရ်အာန်)ကျမ်း(လာ အမိန့်တော်)၏နောက်ဆုံးအကျိုးရောက်ရှိလာသောနေ့တွင် ထိုနေ့ကို ယခင်ကမေ့လျှော့၍နေသောသူတို့က ဧကန်စင်စစ် ကျွန်ုပ်တို့အရှင်မြတ်၏ရစူလ်တမန်တော်တို့သည် အမှန်ကိုသာယူဆောင်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ (ယခုသော်) ကျွန်ုပ်တို့အဖို့ ကြားဝင်တောင်းပန်မည့်သူ ရှိပါဦးမည်လော။ သို့ရှိပါလျှင် ထိုသူတို့သည် ကျွန်ုပ်တို့အဖို့ကြားဝင်တောင်းပန်၍ ပေးကြအံ့။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည်(ကမ္ဘာလောကသို့)ပြန်လွှတ်ခြင်းကို ခံကြရပါဦးမည်လော။သို့ပြန်လွှတ်ခြင်းကို ခံကြရပါလျှင် ကျွန်ုပ်တို့သည် မိမိတို့ပြုလုပ်ခဲ့ကြသည့်အရာ (မကောင်းမှု)တို့နှင့်ဆန့်ကျင်၍ (ကောင်းမှုများကိုသာ)ပြုလုပ်ကြကုန်အံ့ဟု (ညည်းညူ) ပြောဆိုကြလတ္တံ့။ထိုသူတို့သည် ဧကန်မလွဲ မိမိတို့ကိုယ်ကို နစ်နာဆုံးရှုံးအောင်ပြုလုပ်ခဲ့ချေပြီ။ ၎င်းပြင် ထိုသူတို့ ကြံဖန်လီဆယ်၍ ပြောဆိုခဲ့ကြသည်များလည်း ထိုသူတို့ထံမှ ပျောက်ကွယ်သွားကြချေပြီတကား။(ရကူ)
إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ يُغْشِي اللَّيْلَ النَّهَارَ يَطْلُبُهُ حَثِيثًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ ۗ أَلَا لَهُ الْخَلْقُ وَالْأَمْرُ ۗ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ
ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ကား ထိုအလ္လာဟ်အရှင်မြတ်ပင်တည်း။ ထိုအလ္လာဟ်အရှင်မြတ်သည် မိုးကောင်း�င်များကိုလည်းကောင်း၊ ပထဝီမြေ ကိုလည်းကောင်း၊ ခြောက်ရက်တွင်(ပြီးစီးအောင်)ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက် ထိုအရှင်မြတ်သည် အရ်ရှ်ပလ’င်တော်ထက်၌စံမြန်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် နေ့ကိုညဉ့်ဖြင့်ဖုံးအုပ်တော်မူလေသည်။ ထိုညဉ့်သည်၎င်းနေ့၏နောက်မှ လျင်မြန်စွာရောက်ရှိလာလေသည်။၎င်းပြင်(ထိုအရှင်မြတ်သည်ပင်လျှင်) နေကိုလည်းကောင်း၊လကိုလည်းကောင်း၊ ကြယ်နက္ခတ်တို့ကို လည်းကောင်း၊ မိမိဩဇာခံများအဖြစ်(ဖန်ဆင်းတော်မူခဲ့လေသည်။) ဖန်ဆင်းမှုသည်လည်းကောင်း အမိန့်အာဏာတော်သည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ရှိသည်ကို ကောင်းစွာမှတ်ယူကြလေကုန်။ စကြာဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေသတည်း။

Choose other languages: