Quran Apps in many lanuages:

Surah Al-Araf Ayahs #134 Translated in Burmese

وَلَقَدْ أَخَذْنَا آلَ فِرْعَوْنَ بِالسِّنِينَ وَنَقْصٍ مِنَ الثَّمَرَاتِ لَعَلَّهُمْ يَذَّكَّرُونَ
၎င်းပြင် ငါအရှင်မြတ်သည် ဧကန်စင်စစ် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အား နောင်တတရား ရစိမ့်သောငှာမိုးခေါင်ရေရှားစေခြင်းဖြင့်လည်းကောင်း၊ သစ်သီးဝလံ ရှားပါးစေခြင်းဖြင့်လည်းကောင်း၊ ဖမ်းဆီးကွပ်နှိပ် အပြစ်ပေးတော်မူခဲ့လေသည်။
فَإِذَا جَاءَتْهُمُ الْحَسَنَةُ قَالُوا لَنَا هَٰذِهِ ۖ وَإِنْ تُصِبْهُمْ سَيِّئَةٌ يَطَّيَّرُوا بِمُوسَىٰ وَمَنْ مَعَهُ ۗ أَلَا إِنَّمَا طَائِرُهُمْ عِنْدَ اللَّهِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
သို့ရာတွင် ၎င်းတို့သည် မိမိတို့၌ ကောင်းမွန်သောအခြေအနေ ဆိုက်ရောက်ခဲ့သောအခါ ဤသည် ငါတို့အဖို့(ဝါ) ငါတို့၏ ကံç ဉာဏ်ç ဝီရိယတို့ ကြောင့်ဖြစ်သည်ဟု ပြောဆိုကြလေသည်။ တစ်ဖန် အကယ်၍ ၎င်းတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်ခဲ့ပါမူ ၎င်းတို့က နဗီတမန်တော်(မူစာ)ကြောင့်လည်းကောင်း၊ ထိုတမန်တော်မူစာနှင့်အတူ ရှိကုန်သောသူတို့ကြောင့်လည်းကောင်း၊ (လာဘ်ပိတ်သည်)ဟု မကောင်းသော အတိတ်နမိတ်ကောက်ယူကြသည်။ (အို-ကြားနာသူအပေါင်းတို့၊ အသင်တို့သည် ကောင်း မွန်စွာ)မှတ်ယူကြလေကုန်၊ ၎င်း(ဖစ်ရ်အောင်န်၏အမျိုးသား)တို့၏ လာဘ်ပိတ်မှု(အကြောင်း)သည် အလ္လာဟ် အရှင်မြတ်၏ထံတော်၌ရှိသည်။သို့ရာတွင် ၎င်းတို့အနက် များစွာသောသူတို့သည် (ဤမျှလောက် ထင်ရှားလှစွာသောအကြောင်းကိုပင်) မသိနားမလည်ကြပေ။
وَقَالُوا مَهْمَا تَأْتِنَا بِهِ مِنْ آيَةٍ لِتَسْحَرَنَا بِهَا فَمَا نَحْنُ لَكَ بِمُؤْمِنِينَ
၎င်းပြင် ထို(ဖစ်ရ်အောင်န်၏ အမျိုးသား) တို့က(ဤသို့) ပြောဆိုကြကုန်၏။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့အား ပြုစားရန် မည်သို့ပင် သက်သေလက္ခဏာများကို ကျွန်ုပ်တို့ရှေ့ဝယ် ယူဆောင်၍ လာသော်ငြားလည်း ကျွန်ုပ်တို့မူကားအသင့်အား ယုံကြည်ကြမည် မဟုတ်ပေ။
فَأَرْسَلْنَا عَلَيْهِمُ الطُّوفَانَ وَالْجَرَادَ وَالْقُمَّلَ وَالضَّفَادِعَ وَالدَّمَ آيَاتٍ مُفَصَّلَاتٍ فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُجْرِمِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ လေပြင်းမုန်တိုင်း ကိုလည်းကောင်း၊ ကျိုင်းကောင်များကိုလည်းကောင်း၊ ပိုးမွှားများ၊ သန်းကောင်များကိုလည်းကောင်း၊ဖားများ(ဖားများ)ကိုလည်းကောင်း၊ သွေးများကိုလည်းကောင်း၊အသီးသီးအသက ထင်ရှားသောသက်သေလက္ခဏာများ အဖြစ်ပို့တော်မူခဲ့လေသည်။ သို့ပါလျက် မထီမဲ့မြင် (ပြုမြဲ)ပြုလျက်ပင်ရှိခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ပြစ်မှုကျူးလွန်(လေ့ရှိ)သူများပင် ဖြစ်ကြကုန်သတည်း။
وَلَمَّا وَقَعَ عَلَيْهِمُ الرِّجْزُ قَالُوا يَا مُوسَى ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِنْدَكَ ۖ لَئِنْ كَشَفْتَ عَنَّا الرِّجْزَ لَنُؤْمِنَنَّ لَكَ وَلَنُرْسِلَنَّ مَعَكَ بَنِي إِسْرَائِيلَ
၎င်းပြင် ၎င်းတို့အပေါ်၌ပြစ်ဒဏ်များကျရောက်လာသောအခါ ထိုသူတို့က အို-မူစာ၊ အသင်၏အရှင်မြတ်သည် အသင်နှင့် ပဋိညာဉ် ပြုထားတော်မူသည်နှင့် စပ်လျဉ်း၍အသင်သည် ကျွန်ုပ်တို့အဖို့ မိမိအရှင်မြတ်အထံတော်၌ ဆုမွန်ပတ္တနာ ပြု၍ပေးပါလေ။ အကယ်၍သာ အသင်သည် ကျွန်ုပ်တို့အပေါ်မှ (ဤ)ပြစ်ဒဏ်ကို ဖယ်ရှား၍ ပေးခဲ့ပါလျှင်၊ ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်(ကိုးစား)၍ အစ္စရာအီလီ အမျိုးသားတို့ကိုလည်း အသင်နှင့်အတူ ထည့်လိုက်ကြပါမည်ဟု ပြောဆို(လေ့ရှိ)ကြကုန်၏။

Choose other languages: