Quran Apps in many lanuages:

Surah Al-Ankabut Ayahs #69 Translated in Burmese

أَوَلَمْ يَرَوْا أَنَّا جَعَلْنَا حَرَمًا آمِنًا وَيُتَخَطَّفُ النَّاسُ مِنْ حَوْلِهِمْ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَةِ اللَّهِ يَكْفُرُونَ
ဧကန်မလွဲ ငါအရှင်မြတ်သည် (၎င်းတို့ နေထိုင်လျက်ရှိကြသော မက္ကဟ်မြို့တော်ကို) ဘေးရန်ကင်းငြိမ်း သော’ဟရမ်’ ပြုလုပ်တော်မူခဲ့သည်ကို ၎င်းတို့သည် မတွေ့မမြင်ခဲ့ကြလေသလော။ စင်စစ်သော်ကား ၎င်းတို့ ၏ပတ်ဝန်းကျင်၌ လူတို့သည် လုယက်တိုက်ခိုက် (သတ်ဖြတ်)ခြင်းကို ခံနေခဲ့ကြရကုန်၏။ သို့ပါလျက် ၎င်းတို့သည် အမှားကိုယုံကြည်လက်ခံ၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ် ကျေးဇူးကန်းကြလေသလော။
وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِالْحَقِّ لَمَّا جَاءَهُ ۚ أَلَيْسَ فِي جَهَنَّمَ مَثْوًى لِلْكَافِرِينَ
အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်၍စွပ်စွဲသော၊ သို့မဟုတ် မိမိထံ အမှန်တရားရောက်ရှိလာသောအခါ ယင်းအမှန်တရားကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်သောသူထက် သာလွန်မတရားသော သူကား မည်သူရှိနည်း၊ ‘ကာဖိရ်’သွေဖည်ငြင်းပယ်ကြ ကုန်သောသူတို့၏ နေထိုင်ရာဌာနသည် ဂျဟန္နမ်ငရဲဘုံ၌ပင်ရှိမည် မဟုတ်ပါလော။
وَالَّذِينَ جَاهَدُوا فِينَا لَنَهْدِيَنَّهُمْ سُبُلَنَا ۚ وَإِنَّ اللَّهَ لَمَعَ الْمُحْسِنِينَ
သို့ရာတွင် ငါအရှင်မြတ်၏ လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ကြကုန်သော သူတို့မှာမူကား ငါအရှင်မြတ်သည် မိမိလမ်းများကို ၎င်းတို့အား မချွတ်မလွဲ ပြသတော်မူပေမည်။ ထိုမှတစ်ပါး မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် သူတော်ကောင်းတို့နှင့် အတူတကွ အမှန်ပင် ရှိတော်မူပေသတည်း။

Choose other languages: