Quran Apps in many lanuages:

Surah Al-Ankabut Ayahs #8 Translated in Burmese

أَمْ حَسِبَ الَّذِينَ يَعْمَلُونَ السَّيِّئَاتِ أَنْ يَسْبِقُونَا ۚ سَاءَ مَا يَحْكُمُونَ
သို့တည်းမဟုတ် မကောင်းမှု ဒုစရိုက်များကိုကျင့်မူ(ကျူးလွန်)နေကြကုန်သော သူတို့သည် မိမိတို့မှာ ‘ငါအရှင်မြတ်(ဖမ်းဆီးကွပ်မျက်တော်မူခြင်း)မှ ထွက်ပြေးလွတ်မြောက်သွားကြမည်’ ဟု ထင်မှတ်ကြ လေသလော။ ၎င်းတို့၏ အဆုံးအဖြတ်မှာ အလွန်ဆိုးရွားလှပေသည်တကား။
مَنْ كَانَ يَرْجُو لِقَاءَ اللَّهِ فَإِنَّ أَجَلَ اللَّهِ لَآتٍ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရန် မျှော်လင့်လျက်ရှိခဲ့မူ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်း၍ ထားတော်မူသော ကာလအပိုင်းအခြားသည် မုချ ဆိုက်ရောက်လာမည်ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားတော်မူသော၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَمَنْ جَاهَدَ فَإِنَّمَا يُجَاهِدُ لِنَفْسِهِ ۚ إِنَّ اللَّهَ لَغَنِيٌّ عَنِ الْعَالَمِينَ
အမှန်သော်ကား မည်သူမဆို ကြိုးပမ်းဆောင်ရွက်ခဲ့မူ ထိုသူသည် မိမိအကျိုးငှာ ကြိုးပမ်းဆောင်ရွက်သည်သာ ဖြစ်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့ကို(မှ) လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَنَجْزِيَنَّهُمْ أَحْسَنَ الَّذِي كَانُوا يَعْمَلُونَ
အကြင်သူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြပါမူ၊ မလွဲဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ ပြစ်မှုဒုစရိုက်များကို ၎င်းတို့မှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး မုချဧကန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူလျက်ရှိခဲ့ကြသည်တို့ထက် ကောင်းမြတ်သော အစားကို ချီးမြှင့်ပေးသနားတော် မူအံ့သတည်း။
وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حُسْنًا ۖ وَإِنْ جَاهَدَاكَ لِتُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا ۚ إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားအား(ဤသို့)အမိန့်ပေးတော်မူ၏။ အသင်သည် မိမိ၏ မိဘနှစ်ပါးတို့အား ကောင်းစွာပြုစုရမည်။ သို့ရာတွင် အကယ်၍ အသင်၌ အသိပညာ(သက်သေအထောက်အထား) မည်သည့်တစ်စုံတစ်ရာမျှ မရှိသောအရာကို အသင့်အား ငါအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရန် ထိုမိဘနှစ်ပါးက ကြိုးပမ်းအားထုတ်ခဲ့ကြလျှင် အသင်သည်(ယင်းတွဲဖက် ကိုးကွယ်မှုနှင့်စပ်လျဉ်း၍) ထိုမိဘနှစ်ပါး၏ စကားကို မလိုက်နာလေနှင့်။ အသင်တို့အားလုံးသည် ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိခဲ့ကြကုန်သော အမှုကိစ္စ(အလုံးစုံ)တို့နှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်။

Choose other languages: