Quran Apps in many lanuages:

Surah Al-Ankabut Ayahs #35 Translated in Burmese

وَلَمَّا جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا إِنَّا مُهْلِكُو أَهْلِ هَٰذِهِ الْقَرْيَةِ ۖ إِنَّ أَهْلَهَا كَانُوا ظَالِمِينَ
၎င်းပြင် ငါအရှင်မြတ်၏ စေတမန်များသည် ဝမ်းမြောက်ဖွယ်သတင်းကို အိဗ်ရာဟီမ်၏ထံသို့ ဆောင်ကြဉ်းခဲ့ကြလေသောအခါ၊ ၎င်းတို့က ‘ဧကန် မလွဲ ကျွန်ုပ်တို့သည် ဤမြို့ရွာသားတို့အား ဖျက်ဆီးမည့်သူများပင် ဖြစ်ကြပေသည်။ဧကန်စင်စစ် ယင်းမြို့ရွာ၌ နေထိုင်သောသူတို့မှာ အလွန်တရာပြစ်မှု ကျူးလွန်သူများပင် ဖြစ်ကြကုန်သည်’ ဟု ပြောဆိုခဲ့ကြလေ၏။
قَالَ إِنَّ فِيهَا لُوطًا ۚ قَالُوا نَحْنُ أَعْلَمُ بِمَنْ فِيهَا ۖ لَنُنَجِّيَنَّهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
(ထိုအခါ)ထိုအိဗ်ရာဟီမ်က ထိုမြို့ရွာ၌ (နဗီတမန်တော်) ‘လူ(တ်)’သည်(လည်း) ရှိနေပေသည်ဟု ပြောကြားခဲ့လေရာ ထိုစေတမန်တို့က ပြောဆိုဖြေကြားခဲ့သည်မှာ ထိုမြို့ရွာ၌ မည်သူတို့ နေထိုင်ကြသည်ကို ကျွန်ုပ်တို့သည် ကောင်းစွာသိရှိကြပေသည်။ အမှန်ပင် ကျွန်ုပ်တို့သည် ‘လူ(တ်)’ ၏ဇနီးမှအပ ထို ‘လူ(တ်)’ နှင့်တကွ ၎င်း၏အိမ်သူအိမ်သား သက်ဆိုင်သူများကိုပါ ကယ်ဆယ်ကြပေမည်။ ထို[‘လူ(တ်)]၏ဇနီးမှာမူကား ကျန်ရစ်သူတို့တွင် အပါအဝင်ဖြစ်ပေမည်ဟု ပြောကြားခဲ့ကြကုန်၏။
وَلَمَّا أَنْ جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالُوا لَا تَخَفْ وَلَا تَحْزَنْ ۖ إِنَّا مُنَجُّوكَ وَأَهْلَكَ إِلَّا امْرَأَتَكَ كَانَتْ مِنَ الْغَابِرِينَ
တစ်ဖန် ငါအရှင်မြတ်၏ စေတမန်တို့သည်’လူ(တ်)’ ၏ထံသို့ရောက်ရှိ၍ လာခဲ့ကြလေသောအခါ ထို’လူ(တ်)’ မှာ ၎င်းတို့ကြောင့် စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည့်ပြင်၊ ၎င်းတို့နှင့်ပက်သက်၍ လွန်စွာစိတ်ကျဉ်းကျပ်မှုလည်း ဖြစ်ခဲ့လေ၏။ သို့ရာတွင် ထိုစေတမန်တို့က (ဤသို့)ပြောဆို (နှစ်သိမ့်စေ)ခဲ့ကြ လေသည်။ [‘အို-လူ(တ်)’] အသင်သည် စိုးရိမ်ခြင်းလည်း မရှိပါလေနှင့်၊ ပူဆွေးခြင်းလည်း မရှိပါလေနှင့်။ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်၏ဇနီးမှအပ အသင်နှင့်တကွ အသင်၏အိမ်သူအိမ်သား သက်ဆိုင်သူ အားလုံးတို့အား ကယ်ဆယ်အံ့သောသူများပင် ဖြစ်ကြပေသည်။ ထို ဇနီးမှာမူကား(ပြစ်ဒဏ်ခံစားရန်) ကျန်ရစ်ခဲ့ကြကုန်သောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ချိမ့်မည်။
إِنَّا مُنْزِلُونَ عَلَىٰ أَهْلِ هَٰذِهِ الْقَرْيَةِ رِجْزًا مِنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ
ဧကန်အမှန် ကျွန်ုပ်တို့သည် ဤမြို့သူရွာသားတို့အပေါ်၌ ၎င်းတို့သည် အမိန့်တော်ကိုဖီဆန်လျက် ရှိခဲ့ကြသောကြောင့် မိုးကောင်းကင်မှ ပြစ်ဒဏ်တစ်မျိုးကို ချပေးအံ့သောသူများပင် ဖြစ်ကြပေသည်။
وَلَقَدْ تَرَكْنَا مِنْهَا آيَةً بَيِّنَةً لِقَوْمٍ يَعْقِلُونَ
သို့ရာတွင် ငါအရှင်မြတ်သည် သိနားလည်ကြကုန်သော အမျိုးသားတို့အဖို့ ထိုမြို့ရွာမှ ထင်ရှားစွာသော သက်သေလက္ခဏာအချို့ကို ချန်လှပ်၍ ထားရှိတော်မူခဲ့ပေသတည်း။

Choose other languages: