Quran Apps in many lanuages:

Surah Al-Ankabut Ayahs #30 Translated in Burmese

فَآمَنَ لَهُ لُوطٌ ۘ وَقَالَ إِنِّي مُهَاجِرٌ إِلَىٰ رَبِّي ۖ إِنَّهُ هُوَ الْعَزِيزُ الْحَكِيمُ
ထို့နောက် ‘လူ(တ်)’ သည် ထိုအိဗ်ရာဟီမ်အားယုံကြည် ထောက်ခံခဲ့လေ၏။ ထိုမှတစ်ပါး ထိုအိဗ်ရာဟီမ်က’ဧကန်မလွဲ ငါသည် နေရင်းအရပ်ဒေသကိုစွန့်၍ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ညွှန်တော်မူရာ)သို့ ထွက်ခွာသွားမည်။ မလွဲဧကန် ထိုအရှင်မြတ်သည်ပင်လျှင် တန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသည်’ ဟု ပြောဆိုခဲ့လေ၏။
وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ وَجَعَلْنَا فِي ذُرِّيَّتِهِ النُّبُوَّةَ وَالْكِتَابَ وَآتَيْنَاهُ أَجْرَهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
ထို့ပြင် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ‘အစ်ဟာက်’ ကိုလည်းကောင်း၊ ‘ဟအ်ကူဗ်’ကို လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် နဗီတမန်တော်ဖြစ်ခြင်းကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ ထိုအိဗ်ရာဟီမ် ၏သားမြေးတို့၌တည်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ၎င်း၏အကျိုးကို ဤပစ္စက္ခဘဝတွင် (လည်း)ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး တမလွန်ဘဝ၌လည်း ထိုအိဗ်ရာဟီမ်သည် သူမွန်သူမြတ်တို့အနက်မှပင် ဖြစ်ပေအံ့သတည်း။
وَلُوطًا إِذْ قَالَ لِقَوْمِهِ إِنَّكُمْ لَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُمْ بِهَا مِنْ أَحَدٍ مِنَ الْعَالَمِينَ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)’လူ(တ်)’အား (လည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) တစ်ရံရောအခါဝယ် ထို ‘လူ(တ်)’ က မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် အသင်တို့သည် ကမ္ဘာသူကမ္ဘာသားခပ်သိမ်းအနက် မည်သူတစ်ဦးတစ်ယောက်မျှပင် အသင်တို့အလျင် ကျူးလွန်ခဲ့ခြင်းမရှိသော အလွန့်အလွန် ဆိုးယုတ်လှစွာသောအမှုကို ကျူးလွန်ကြကုန်၏။
أَئِنَّكُمْ لَتَأْتُونَ الرِّجَالَ وَتَقْطَعُونَ السَّبِيلَ وَتَأْتُونَ فِي نَادِيكُمُ الْمُنْكَرَ ۖ فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا ائْتِنَا بِعَذَابِ اللَّهِ إِنْ كُنْتَ مِنَ الصَّادِقِينَ
အသင်တို့သည် ယောက်ျားများထံသို့(ကာမဂုဏ်ခံစားရန်) လာကြလေသလော။ ၎င်းပြင် အသင်တို့သည် လမ်းကို ဖြတ်တောက်ကြလေသလော။ (တစ်နည်း) အသင်တို့သည်လမ်း(တွင်) လုယက်တိုက်ခိုက်ကြလေသလော။ ထိုမှတစ်ပါးအသင်တို့သည် မိမိတို့၏စုဝေးရာ၌ စက်ဆုပ်ရွံရှာဖွယ် ကိစ္စများကို ကျူးလွန်ကြလေသလော။ ထိုအခါ လူ(တ်)၏အမျိုးသားတို့က ‘[အို-လူ(တ်)]၊ အကယ်၍ အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ခဲ့ပါမူ ကျွန်ုပ်တို့ထံ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကို ဆောင်ယူခဲ့လော့’ဟု ပြောဆိုခဲ့ကြခြင်းမှတစ်ပါး အခြားမည်သည့်အဖြေမျှပင် ပေးနိုင်ခဲ့ကြသည်မရှိချေ။
قَالَ رَبِّ انْصُرْنِي عَلَى الْقَوْمِ الْمُفْسِدِينَ
ထိုရောအခါဝယ် ထို ‘လူ(တ်)’ က ‘အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖျက်ဆီးမှုကို ကျူးလွန်ပြုလုပ်ကြကုန်သော အမျိုးသားတို့အပေါ်၌ အောင်နိုင်မှုကို ပေးသနားတော်မူပါ’ဟု လျှောက်ထား ပန်ကြားခဲ့လေသတည်း။

Choose other languages: