Quran Apps in many lanuages:

Surah Al-Anfal Ayahs #32 Translated in Burmese

وَاعْلَمُوا أَنَّمَا أَمْوَالُكُمْ وَأَوْلَادُكُمْ فِتْنَةٌ وَأَنَّ اللَّهَ عِنْدَهُ أَجْرٌ عَظِيمٌ
ထို့ပြင် အသင်တို့၏ဥစ္စာပစ္စည်းများနှင့်သားသ္မီးများသည် စမ်းသပ်မှုတရပ်သာလျှင်ဖြစ်သည်ကို လည်းကောင်း၊အလ္လာဟ်အရှင်မြတ်အထံတော်တွင် အလွန်ကြီးကျယ်သောအကျိုးဆုလာဘ်သည် ဧကန်စင်စစ်ရှိသည်ကိုလည်းကောင်း၊အသင်တို့ (ကောင်းစွာ) သိထားကြလေကုန်။(ရကူ)
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تَتَّقُوا اللَّهَ يَجْعَلْ لَكُمْ فُرْقَانًا وَيُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရိုသေကြပါမူ၊ ထိုအရှင်မြတ်သည် အသင်တို့အား(အမှားနှင့်အမှန်ကို) ခွဲခြားစိတ်ဖြာ သိမြင်နိုင်စေသော အရာကို ချီးမြှင့်ပေးသနားတော်မူအံ့။ ထို့ပြင် အသင်တို့၏ မကောင်းမှုဒုစရိုက် များကိုလည်း မပျောက်စေတော်မူသည့်ပြင် အသင်တို့အား အပြစ်မှလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။
وَإِذْ يَمْكُرُ بِكَ الَّذِينَ كَفَرُوا لِيُثْبِتُوكَ أَوْ يَقْتُلُوكَ أَوْ يُخْرِجُوكَ ۚ وَيَمْكُرُونَ وَيَمْكُرُ اللَّهُ ۖ وَاللَّهُ خَيْرُ الْمَاكِرِينَ
၎င်းပြင် (အို-နဗီတမန်တော် အသင်သည် ပြန်လည်၍ သတိရပါလေ။) အကြင်အခါ၌ ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့သည် အသင်နှင့် ပတ်သက်၍အသင့် အား ဖမ်းဆီးချုပ်နှောင် ကြရန်သော်လည်းကောင်း၊အသင့်အား သတ်ဖြတ်ကြ ရန်သော်လည်းကောင်း၊ အသင့်အား(မက္ကဟ်မြို့မှ) နှင်ထုတ်ကြရန်သော်လည်းကောင်း၊ လျို့ဝှက်စွာကြံစည်လျက်ရှိကြကုန်၏။ (ထိုစဉ်အခါဝယ်)၎င်းတို့သည် (မိမိတို့၏ အကြံအစည်များကို) ကြံစည်လျက် ရှိကြလေသည်။အလ္လာဟ်အရှင်မြတ်သည်လည်း (မိမိအကြံအစည်ကို)ကြံစည်လျက် ရှိတော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးကြံစည်နိုင် တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا قَالُوا قَدْ سَمِعْنَا لَوْ نَشَاءُ لَقُلْنَا مِثْلَ هَٰذَا ۙ إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
စင်စစ်သော်ကား ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ကျမ်းဂန်လာ ဒေသနာတော်များကို ရွတ်ဖတ်၍ ပြခဲ့ပါလျှင်၊၎င်းတို့က ငါတို့သည် အမှန်ပင် (ဤသည်တို့ကို အဖန်တလဲလဲ)ကြားခဲ့ဖူးကြချေပြီ။ ငါတို့သည် အလိုရှိလျှင် ငါတို့သည်လည်းဤအတိုင်းပင် ဧကန်မလွဲ (စီကုံး)ပြောဆိုနိုင်ကြပေသည်။ ဤသည်ကား ရှေးသူတော်ကောင်းတို့၏ ဒဏ္ဍာရီပုံပြင်မျှသာ ဖြစ်သည် ဟုပြောဆိုကြကုန်သတည်း။
وَإِذْ قَالُوا اللَّهُمَّ إِنْ كَانَ هَٰذَا هُوَ الْحَقَّ مِنْ عِنْدِكَ فَأَمْطِرْ عَلَيْنَا حِجَارَةً مِنَ السَّمَاءِ أَوِ ائْتِنَا بِعَذَابٍ أَلِيمٍ
တစ်ဖန် (အသင်သည် ၎င်းတို့အား သတိရစေပါလေ။) တစ်ရံရောအခါဝယ် ၎င်းတို့က အို- အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဤ(မုက္ခပါဌ်တော်)သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ အဟုတ်အမှန် ဖြစ်ခဲ့ပါလျှင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့ အပေါ်၌ ကျောက်ခဲများကို မိုးကောင်းကင်မှရွာသွန်းစေတော်မူပါ။ သို့တည်းမဟုတ် အလွန်ပြင်းပြ နာကျင်ဖွယ်သော အခြားပြစ်ဒဏ် တစ်စုံတစ်ရာကို ကျွန်တော်မျိုးအပေါ်၌ ကျရောက်စေတော်မူပါ ဟု ပြောဆိုလျှောက်ထားခဲ့ကြလေသည်။

Choose other languages: