Quran Apps in many lanuages:

Surah Al-Anbiya Ayahs #90 Translated in Burmese

وَأَدْخَلْنَاهُمْ فِي رَحْمَتِنَا ۖ إِنَّهُمْ مِنَ الصَّالِحِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်း(နဗီတမန်တော်)တို့အား မိမိကရုဏာတော်အတွင်း ပါဝင်စေတော် မူခဲ့၏။ဧကန်စင်စစ် ထိုနဗီတမန်တော်တို့ကား သူတော်စင်တို့တွင်ပါဝင်ခဲ့ကြကုန်သတည်း။
وَذَا النُّونِ إِذْ ذَهَبَ مُغَاضِبًا فَظَنَّ أَنْ لَنْ نَقْدِرَ عَلَيْهِ فَنَادَىٰ فِي الظُّلُمَاتِ أَنْ لَا إِلَٰهَ إِلَّا أَنْتَ سُبْحَانَكَ إِنِّي كُنْتُ مِنَ الظَّالِمِينَ
ထို့ပြင်(အို-နဗီတမန်တော်၊ အသင်သည်) "ဇွန်နူန်" ငါးရှင်(နဗီတမန်တော်ယူနွတ်စ်၏အတ္ထုပ္ပတ္တိအကြောင်း)ကိုလည်း (ပြောကြားပါလေ)။ တစ်ရံရောအခါဝယ် ထိုငါးရှင်(နဗီတမန်တော်ယူနွတ်စ်)သည် (မိမိ၏အမျိုးသားတို့အပေါ်ဝယ်) ဒေါသအမျက်ထွက်ကာ (မိမိမြို့ရွာဒေသမှထွက်ခွာ၍)သွားခဲ့လေသည်။ တစ်ဖန် ထိုငါးရှင်က ငါအရှင်မြတ်သည်၎င်း၏အပေါ်၌ အလျင်းကျပ်တည်းစေတော်မူသည် မဟုတ်ဟူ၍ ထင်မြင်ခဲ့လေသည်။ ထို့နောက် ၎င်းသည် အမှောင်များအတွင်းဝယ် (အို-အလ္လာဟ်အရှင်မြတ်၊) အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင် ဟူ၍ အလျင်း မရှိပါ။ အရှင်မြတ်သည်စင်ကြယ် သန့်ရှင်း တော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးသည်သာလျှင် အပြစ်ကျူးလွန်သူဖြစ်ပါ၏တကား ဟု ဟစ်ခေါ်တသ အသနားခံ ပန်ကြားခဲ့လေသည်။
فَاسْتَجَبْنَا لَهُ وَنَجَّيْنَاهُ مِنَ الْغَمِّ ۚ وَكَذَٰلِكَ نُنْجِي الْمُؤْمِنِينَ
ထိုအခါဝယ် ငါအရှင်မြတ်သည် ၎င်း၏ (အသနားခံပန်ကြားချက်)ကို သဘောတူလက်ခံတော်မူ၍ ၎င်းအား(ပူပင်သောကဖြစ်ခြင်းမှ)ကယ်တင်တော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အားဤနည်းနှင်နှင် ကယ်တင်လေ့ရှိတော်မူပေသတည်း။
وَزَكَرِيَّا إِذْ نَادَىٰ رَبَّهُ رَبِّ لَا تَذَرْنِي فَرْدًا وَأَنْتَ خَيْرُ الْوَارِثِينَ
ထို့ပြင် (အို-နဗီတမန်တော်၊ အသင်သည် နဗီတမန်တော်)ဇကရီယာ(၏အကြောင်း)ကိုလည်း (ပြောကြားပါလေ)။ အခါတစ်ပါး၌ ထို(နဗီတမန်တော်) ဇကရီယာသည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို "အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးအား (အမွေစားအမွေဆက်ခံသူ မရှိသောသူအဖြစ်)တစ်ဦးတည်း စွန့်ထားတော်မမူပါနှင့်။ စင်စစ်သော်ကား အရှင်မြတ်သည် အကောင်းဆုံးသော အမွေစားအမွေခံ ဖြစ်တော်မူပါသည်"ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။
فَاسْتَجَبْنَا لَهُ وَوَهَبْنَا لَهُ يَحْيَىٰ وَأَصْلَحْنَا لَهُ زَوْجَهُ ۚ إِنَّهُمْ كَانُوا يُسَارِعُونَ فِي الْخَيْرَاتِ وَيَدْعُونَنَا رَغَبًا وَرَهَبًا ۖ وَكَانُوا لَنَا خَاشِعِينَ
ထိုရောအခါဝယ် ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)ဇကရီယာ(၏ပန်ကြားချက်)ကို သဘောတူ လက်ခံတော်မူ၍ ၎င်းအား (သားတော်နဗီတမန်တော်)ယဟ်ယာကိုချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည်ထိုဇကရီယာ၏ ဇနီးကြင်ရာ(၏မြုံခြင်းဝေဒနာကို ပျောက်ကင်းစေတော်မူ၍ သန္ဓေတည်နိုင်သောအခြေအနေသို့)နေသားတကျဖြစ်အောင် ပြုပြင်၍ပေးတော်မူခဲ့၏။ ဧကန်အမှန် ထို(နဗီ တမန်တော်)တို့သည် ကောင်းမှုသုစရိုက်များကို ဆောလျင်စွာ ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်အား စိတ်ပါဝင်စားစွာလည်းကောင်း၊ ကြောက်ရွံ့စွာလည်းကောင်း၊ ဟစ်ခေါ်တသလေ့ ရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြကုန်သတည်း။

Choose other languages: