Quran Apps in many lanuages:

Surah Al-Anbiya Ayahs #73 Translated in Burmese

قُلْنَا يَا نَارُ كُونِي بَرْدًا وَسَلَامًا عَلَىٰ إِبْرَاهِيمَ
(ထိုအခါ) ငါအရှင်မြတ်က "အို-မီး၊ သင်သည်အိဗ်ရာဟီမ်အပေါ်၌ အေးမြစွာလည်းကောင်း၊ သာယာစွာလည်းကောင်း ရှိလော့" ဟု မိန့်ကြားတော်မူခဲ့၏။
وَأَرَادُوا بِهِ كَيْدًا فَجَعَلْنَاهُمُ الْأَخْسَرِينَ
စင်စစ်သော်ကား ၎င်းတို့သည် ထိုအိဗ်ရာဟီမ်နှင့်ပတ်သက်၍ မကောင်းသောအကြံအစည်ကို ကြံရွယ်ခဲ့ကြကုန်၏။ သို့ရာတွင် ငါအရှင်မြတ်သည် ၎င်းတို့အား အကြံမအောင်သောသူများပင် ဖြစ်စေတော်မူခဲ့၏။
وَنَجَّيْنَاهُ وَلُوطًا إِلَى الْأَرْضِ الَّتِي بَارَكْنَا فِيهَا لِلْعَالَمِينَ
ထို့အပြင် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အားလည်းကောင်း၊ လူ(တ်) အားလည်းကောင်း၊ အကြင်နယ်မြေသို့ (စေလွှတ်တော်မူခြင်းအားဖြင့်) ကယ်တင်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ယင်းနယ်မြေ ကမ္ဘာသူ၊ကမ္ဘာသားတို့အဖို့ ကျက်သရေမင်္ဂလာ၊ သုခချမ်းသာများ၊ ရှိတော်မူခဲ့၏။
وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ نَافِلَةً ۖ وَكُلًّا جَعَلْنَا صَالِحِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား အစ္စဟာက်ကို (သားတော်အဖြစ်)လည်းကောင်း၊ ယအ်ကူးဗ်ကို မြေးတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (၎င်းတို့အနက်)အသီးသီးအား သူတော်စင်များပင် ဖြစ်စေတော်မူခဲ့၏။
وَجَعَلْنَاهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا وَأَوْحَيْنَا إِلَيْهِمْ فِعْلَ الْخَيْرَاتِ وَإِقَامَ الصَّلَاةِ وَإِيتَاءَ الزَّكَاةِ ۖ وَكَانُوا لَنَا عَابِدِينَ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် ၎င်းတို့အားငါအရှင်မြတ်၏အမိန့်တော်နှင့် (ဝေနေယျသတ္တဝါများအား)တရားလမ်းမှန်ကို ညွှန်ပြကြလေသော ရှေ့ဆောင် ရှေ့ရပ်များအဖြစ်သို့ ချီးမြှင့်တော်မူခဲ့၏။ တစ်ဖန် ငါအရှင်မြတ်သည် ထိုသူတို့ထံ ကောင်းမြတ်သော အကျင့်အမူများကို ကျင့်မူ ဆောက်တည်ကြရန်လည်းကောင်း၊ ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊"ဝဟ်ယ်" အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။ စင်စစ် ၎င်းတို့သည် ငါအရှင်မြတ်အား ခဝပ်ကိုးကွယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။

Choose other languages: