Quran Apps in many lanuages:

Surah Al-Anbiya Ayahs #70 Translated in Burmese

قَالَ أَفَتَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَنْفَعُكُمْ شَيْئًا وَلَا يَضُرُّكُمْ
ထို(အခါ)အိဗ်ရာဟီမ်က သို့ပါလျက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် အကြင်အရာကို ခ၀ပ်ကိုးကွယ်ကြလေသလော။ ထိုအရာသည် အသင်တို့အား လုံးဝအကျိုးဖြစ်ထွန်း စေနိုင်သည်လည်းမဟုတ်ပေ။ အသင်တို့အား အကျိုးယုတ်စေနိုင်သည်လည်း မဟုတ်ပေ။
أُفٍّ لَكُمْ وَلِمَا تَعْبُدُونَ مِنْ دُونِ اللَّهِ ۖ أَفَلَا تَعْقِلُونَ
ထွီ၊ အသင်တို့သည် ၎င်းအလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ကိုးကွယ်ကြသော အရာများသည် လည်းကောင်း၊ စက်ဆုပ်ဖွယ်ကောင်းလှပေသည်။ အသင်တို့သည် မသိနားမလည်ကြလေသလော။
قَالُوا حَرِّقُوهُ وَانْصُرُوا آلِهَتَكُمْ إِنْ كُنْتُمْ فَاعِلِينَ
ယင်းအမျိုးသားတို့က (အချင်းတို့၊) အကယ်၍အသင်တို့သည် (တစ်စုံတစ်ရာကို)ပြုလုပ်မည့် သူများပင်ဖြစ်ကြပါမူ ထိုအိဗ်ရာဟီမ်အား မီးတင်ရှို့လျက် မိမိတို့၏ကိုးကွယ်ရာ ဘုရားများကို ဝိုင်းမကူညီကြလေကုန်ဟု ပြောဆိုကြကုန်၏။
قُلْنَا يَا نَارُ كُونِي بَرْدًا وَسَلَامًا عَلَىٰ إِبْرَاهِيمَ
(ထိုအခါ) ငါအရှင်မြတ်က "အို-မီး၊ သင်သည်အိဗ်ရာဟီမ်အပေါ်၌ အေးမြစွာလည်းကောင်း၊ သာယာစွာလည်းကောင်း ရှိလော့" ဟု မိန့်ကြားတော်မူခဲ့၏။
وَأَرَادُوا بِهِ كَيْدًا فَجَعَلْنَاهُمُ الْأَخْسَرِينَ
စင်စစ်သော်ကား ၎င်းတို့သည် ထိုအိဗ်ရာဟီမ်နှင့်ပတ်သက်၍ မကောင်းသောအကြံအစည်ကို ကြံရွယ်ခဲ့ကြကုန်၏။ သို့ရာတွင် ငါအရှင်မြတ်သည် ၎င်းတို့အား အကြံမအောင်သောသူများပင် ဖြစ်စေတော်မူခဲ့၏။

Choose other languages: