Quran Apps in many lanuages:

Surah Al-Anbiya Ayahs #40 Translated in Burmese

وَإِذَا رَآكَ الَّذِينَ كَفَرُوا إِنْ يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا الَّذِي يَذْكُرُ آلِهَتَكُمْ وَهُمْ بِذِكْرِ الرَّحْمَٰنِ هُمْ كَافِرُونَ
၄င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်သူတို့သည် အသင့်အား မြင်ကြသောအခါ ပြက်ရယ် ပြောင်လှောင်သမှုပြုကြ၏။ အသင်တို့၏ကိုးကွယ်ရာဘုရားများကို(ကဲ့ရဲ့) ပြောဆိုသူသည် ဤသူပင်လော။ စင်စစ်သော်ကား ၄င်းတို့သည် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်နှင့် ပတ်သက်၍ ပြောဆိုခြင်းကိုပင် ငြင်းပယ်သူများ ဖြစ်ကြကုန်၏။
خُلِقَ الْإِنْسَانُ مِنْ عَجَلٍ ۚ سَأُرِيكُمْ آيَاتِي فَلَا تَسْتَعْجِلُونِ
မနုဿလူသားသည် အလျင်လိုမှုဖြင့် ဖန်ဆင်းခြင်း ခံခဲ့ရလေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခာဏာတော်များကို အသင်တို့အားပြသတော်မူမည် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည်ငါအရှင်မြတ်ထံတော်တွင် အလျင်မလို ကြကုန်လင့်။
وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِنْ كُنْتُمْ صَادِقِينَ
ထို့ပြင် ၎င်းတို့က "အကယ်၍ အသင်တို့သည်မှန်ကန်စွာ ပြောဆိုသူများ ဖြစ်ကြပါလျှင် ဤ ချိန်းဆိုချက်သည် မည်သည့်အခါ၌ ပြီးမြောက်ပါမည်နည်း" ဟု ပြောဆိုကြကုန်၏။
لَوْ يَعْلَمُ الَّذِينَ كَفَرُوا حِينَ لَا يَكُفُّونَ عَنْ وُجُوهِهِمُ النَّارَ وَلَا عَنْ ظُهُورِهِمْ وَلَا هُمْ يُنْصَرُونَ
အကယ်၍သာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အကြင်အချိန်အခါကို သိကြပါမူ (ယင်းကဲ့သို့ ပြောဆိုကြမည် မဟုတ်ပေ)။ ထိုအချိန်အခါတွင် ယင်းသူတို့သည် မိမိတို့၏မျက်နှာများမှလည်းကောင်း၊ မိမိတို့၏ကျောက်ကုန်းများမှလည်းကောင်း၊ မီးကို တားဆီးနိုင်ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် (မည်သည့်)အကူအညီကို(မျှ)လည်း ရရှိကြမည် မဟုတ်ပေ။
بَلْ تَأْتِيهِمْ بَغْتَةً فَتَبْهَتُهُمْ فَلَا يَسْتَطِيعُونَ رَدَّهَا وَلَا هُمْ يُنْظَرُونَ
စင်စစ်မှာကား ယင်းမီးသည် ၎င်းတို့၌ ရုတ်တရက် သက်ရောက်ပြီးလျှင် ၎င်းတို့အား တွေဝေသွားစေမည် ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ထိုမီးကို တွန်းလှန်နိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ သည်ရွှေ့ဆိုင်းခွင့်ကိုလည်း ရရှိကြမည် မဟုတ်ပေ။

Choose other languages: