Quran Apps in many lanuages:

Surah Al-Anbiya Ayahs #35 Translated in Burmese

وَجَعَلْنَا فِي الْأَرْضِ رَوَاسِيَ أَنْ تَمِيدَ بِهِمْ وَجَعَلْنَا فِيهَا فِجَاجًا سُبُلًا لَعَلَّهُمْ يَهْتَدُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေ၌ ယင်းပထဝီမြေသည် ၎င်းတို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်သွား)ခြင်းမရှိနိုင်ရန် တောင်များကို (ကျောက်ဆူးများအဖြစ်)ချထား တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းတို့လိုရာသို့ ရောက်ရှိနိုင်ကြ အံ့သောငှာ ယင်းတောင်များ၌ တောင်ကြား လမ်းများကို လမ်းများအဖြစ်ပြုလုပ်ထားတော်မူခဲ့ လေသည်။
وَجَعَلْنَا السَّمَاءَ سَقْفًا مَحْفُوظًا ۖ وَهُمْ عَنْ آيَاتِهَا مُعْرِضُونَ
၎င်းပြင် ငါအရှင်မြတ်သည် မိုးကောင်းကင် ကို(ပြိုပျက်ခြင်းမှ) ထိန်းသိမ်းပြီးဖြစ်သော အမိုး ပြုလုပ်တော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် ယင်းမိုးကောင်းကင်ရှိ သက်သေလက္ခဏာများမှ မျက်နှာလွှဲလျက် ရှိကြကုန်၏။
وَهُوَ الَّذِي خَلَقَ اللَّيْلَ وَالنَّهَارَ وَالشَّمْسَ وَالْقَمَرَ ۖ كُلٌّ فِي فَلَكٍ يَسْبَحُونَ
စင်စစ် ထိုအရှင်မြတ်သည်ပင် ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သော အရှင် ဖြစ်တော်မူ၏။(ထို ဂြိုဟ်နက္ခတ်) အသီးသီးတို့သည် (မိမိတို့သက်ဆိုင်ရာ)ဂြိုဟ်နက္ခတ်လမ်း အသီးသီးတွင် လှည့်ပတ်သွားလာ လှုပ်ရှားလျက် ပင် ရှိကြကုန်သတည်း။
وَمَا جَعَلْنَا لِبَشَرٍ مِنْ قَبْلِكَ الْخُلْدَ ۖ أَفَإِنْ مِتَّ فَهُمُ الْخَالِدُونَ
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင် မည်သည့် လူသားတစ်ဦးတစ်ယောက်၌မျှပင် သေခြင်းကင်းသည့်အနေကို ပြုလုပ်တော်မမူခဲ့ချေ။ သို့ဖြစ်ပေရာ အကယ်၍ အသင်သည် သေဆုံးခဲ့ပါလျှင် ၎င်းတို့သည် အစဉ်ထာဝရ နေကြမည့် သူများ ဖြစ်ကြလေသလော။
كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۗ وَنَبْلُوكُمْ بِالشَّرِّ وَالْخَيْرِ فِتْنَةً ۖ وَإِلَيْنَا تُرْجَعُونَ
သက်ရှိသတ္တဝါတိုင်းသည် မရဏသေခြင်းတရား(၏ရသာ)ကို မြည်းစမ်းရမည့်သူများသာ ဖြစ်ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ဆိုးသော အခြေအနေဖြင့် လည်းကောင်း၊ ကောင်းသောအခြေအနေဖြင့်လည်းကောင်း၊ (ကောင်းစွာ)စမ်းသပ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်အထံတော်သို့ပင် အသင်တို့သည် ပြန်လည်ရောက်စေခြင်းကို ခံကြ ရပေမည်။

Choose other languages: